Monday 5 November 2007

အမိန့် တော်ပါတယ်


အမိန့် တော် ထုတ်ထားတာလဲ ကယ်တင်ရှင် မပေါ်သေးဘူး စိတ်ညစ်တယ် ဗျ

မထဘူးဗျာ ထဘူး..



ဒီလင့်မှာ တိုက်ရိုက်ကြည့်နိုင်ပါသည်

ကယ်တင်ရှင် အလိုရှိသည် အမိန့် တော်

ဘလော့ကာ ပြည်သား လူအများတို့ လေး.....

အိုင်အီးထဲတွင် အကျွန်ပ်၏ ဆီပုံးကို ရှာဖွေ

ပေးနိုင်သူအား

ဆင်စွယ်ပေးမည် ဖြစ်ကြောင်း ......




တလုံး၊ တဖီး၊ တခိုင် ကြိုက်ရာရမည်။

ပုံ

jatiitaj@gmail.com


အကြောင်းရင်းမှာ.......

အမ်တီဂျေက (ကျုပ်နံမည် ပါသောကြောင့်) လာရောက် အားပေးကာ ရီ သွားသဖြင့် (မဂျွိုင်းနိုင်သူ ဟုပြောသွားသည့်အပြင်

ကောင်းကင်ကိုက (စီပုံးထဲဝင်ပူးသော သရဲသည် မြေခွေးသာကြောက်ကြောင်း) အတင်းတုတ် သဖြင့် ကျွန်ပ်၏စီပုံးအား အမြန်ဆုံးနှန်းဖြင့် အပူတပြင်း ရှာဖွေနေရပါကြောင်း။

ခုကြည့်လေ ကျုပ်ရဲ့ ဆီပုံး ဘယ်သူ ဖျောက်ထားလဲမသိဘူး။ အခု စုံထောက်ကျော် ၅ဦးကို ချဉ်းကပ် ထားရတယ်။ စုံထောက်ကြီးများက မအားသေးလို့ တဲ့ ကျုပ်လဲ လူစစ်စစ် ဖြစ်သော်ငြား လည်း ပြာနေပြီ။

- မသင်္ကြန်ကို ဆင်စွယ် တစ်လုံး ဖြင့် စရံသတ်ကာ ချည်းကပ်ထားပါသည်။
- စုံထောက်ကိုဖီးနစ် ကို ဆင်စွယ် တဖီး အော်ဒါ မှာပေးထားပြီး ချည်းကပ်ထားပါသည်။
- စုံထောက် ကိုရန်အောင်အား ဆင်စွယ် တခိုင် အစဉ်သင့် ဘုတ်ကင်လုပ်ပြီး ချဉ်းကပ်နေပါသည် (သို့ သော် စုံထောက်ကြီးမှာ သီတင်းကျွတ် ချိန်တွင် မကျွတ်နိုင်ဘဲ ကြွတ် နေ ပါသောကြောင့် စောင့်ဆိုင်းနေရ ပါသည်)။
- စုံထောက် ကိုဈာန်မှာ သီတင်းကျွတ် အမှီ ဈာန်လျော ပြီး အလုပ်များနေသော ကြောင့် တိုကင်နံပါတ်များ ကို အရှေ့ မှ တစ် နှင့် သုံည သုံည တိုးသဖြင့် စာရေးသူ၏ ဘွတ်ကင် နံပါတ်မှာ ၁ ဘ၀မှ ဈာန်လျောကာ ၁၀၀၁ ဖြစ်သွားပါသဖြင့် စောင့်စားနေရပါသည်။
- စုံထောက်ကြီးကိုမောင်လှ ကို ဆင်စွယ်ပြသော်လည်း နက်ပြသနာကြောင့် သတင်းမရပါချေ။

- ထိုအတောအတွင်း ဒေါက်တာ မွန်း၊ ၀င်္ကဘာ၊ ခွန်မြလှိုင်၊ မီးလေး၊ နှင်းပွင့်လေး တို့ မှာ မရှာပေးနိုင် သော်လည်း ဆင်စွယ် လာတောင်းသဖြင့် ဆင်စွယ်တလုံးစီ ပေးအပ်ထားပါသည်။

သို့ သော် ယခုထိ ဆီပုံး သတင်း ကို မသိရသေး သဖြင့် စာရေးသူ စိတ်ညစ်နေပါသည်။

ထို့ အပြင် စုံထောက်ကြီး ရန်အောင်မှာ သူ၏ ဒုခိတသရဲ၊ သရဲအစွမ်းမရှိသောသရဲ၊ ညသရဲကို ကြောက်သောသရဲ၊ စက်ဘီးငသိုသရဲ အကြောင်း သတင်းဖော်ထုတ် မိသဖြင့် စာရေးသူအား လုံအောင် နေမှ လွတ်မည် ဟု ကြိမ်းဝါး နေပါသည်။ အပေါ်ခံရန် မဖြစ်နိုင် သဖြင့် လုံအောင် နေနေ ရပါသဖြင့် ပိုရ်ျ စိတ်ညစ်ပါသည်။

6 comments:

မျှားပြာ said...

ကြောင်လေးကို နှိုးနေတဲ့ လက်က မဂျေလားဗျ ..
မဂျေကလည်း ရှာရှာဖွေဖွေနော် .. အရမ်းတော်တယ်
ကျေးဇူးပါဗျာ ... အဆင်ပြေပေါစေခင်ဗျာ ..။

ထွန်း said...

ကျနော့်လက်မဟုတ်ဘူး yahoo မှာ တင်ထားတဲ့ဗီမှာ အသံပါတယ် တရုပ်ပြည်က တရုပ်မလေးထင်ပါတယ် ကောင်မလေးလက် ကလည်း ချစ်စရာ၊ ကြောင်လေးလိုဘဲ တုတ်တုတ်လေး (ကိုက်ချင်စရာ)

Winkabar said...

ဟေ့ထတော့ ထတော့ တော်တော်အပျင်းထူတဲ့ကြောင်ကလေးပဲ။ ချစ်စရာလေးနော်။

Unknown said...

ဟိတ် .. ထတော့..
ထမလားးး မထာဝူးလားး..မထရင်.. ရိုက်ရိုက်..ဒါပဲ.
ချိတ်မရှည်ဝူးးတော့..

ကလိုစေးထူး said...

ဒီလောက် အအိပ်ပုပ်တဲ့ကြောင် တခါမှ မမြင်ဖူးဘူး။ :D

Anonymous said...

ကြည့်လို့ရဘူး.......ကြည့်လို့ရဘူး...။ဟင့်....သူများတွေပြောလို့သာ ကြောင်တင်ထားမှန်းသိတာ....။

 
/* EOT ----------------------------------------- */