Sunday 24 August 2008

News - Cerebrity နံမည်ကြီးချင်သလား နံက်စာဖြစ်ချင်သလား



မတစ်ထောင် ငါသာဖွား ... ငါဟဲ့ Ryan Alexiev...

နံမည်ကြီးချင်တဲ့ celebrity ဖြစ်ချင်ရင် ကဲကွာ.. လာလေရော့ နံနက်စာ cereals ဖြစ်စေ...



Ryan Alexiev ဆိုသူ ပန်းချီပညာရှင်သည် နံမည်ကျော် ပုံတူကို နံနက်စာ Cereals အရောင်စုံများဖြင့် ပုံတူဖန်တီးခဲ့ပြီး ဆန်ဖရန်စစ္စပြပွဲတွင် ပြသခဲ့ပါသည်။

ပုံတူ ပန်းချီများ ကြည့်၍ ဗိုက်ဆာကြပါကုန်..

အသင်ရော နံနက်စာ ဖြစ်ချင်ရင် သို့ မဟုတ် နံမည်ကြီးဖြစ်လိုလျှင် အကျွန်ုပ် ဂျေထံဆက်သွယ်၍ Cereals အဖြစ် အ၀ါးခံရန် စာရင်းပေးသွင်းနိုင်ပါသည်။

ပုံ
ဂျေ
လိပ်တက် ယုန်တက် သိုးတက် အကုန်တက် လီမီတက် နံနက်စာ နံမည်ကြီး အေဂျင်ဆီ
နေရာ - ကွန်ပျူတာ ရှေ့ 

ဖတ်ကြည့်ချင်သေးလား....

Monday 19 November 2007

My truth about why I do blog

ကိုဆန်းဦးရေး တဲ့ စာတွေဖတ်တာ တကယ်ကို မှန်တာဘဲ ပြောင်းလဲနေတဲ့ လက်ရှိခံစားနေတဲ့ အခြေနေကို ထွက်ပေါက်ရှာလို့ ရေးတာ တကယ်ပါ

တချို့ ကပြောပါတယ် အမြဲပျော်နေတတ်သလား စိတ်အေးအေးနဲ့ သာယာချမ်းမြေ့နေသူလား လောကကြီးကို အလျားသင့် အလိုက်သင့် နေနိုင်သူလားတဲ့ ဖြေချင်ပါတယ်
မဟုတ်ပါဘူး
ဖန်တီးရှင်ရဲ့ ခံစားချက်နဲ့ ဖန်တီး အရာဟာ လုံးဝဆန့် ကျင်နေပါတယ်။
အဆင်မပြေတာတွေချည့် ဖြစ်နေလို့ စိတ်ချမ်းသာစရာ တွေဘဲ ရီစရာ ပျော်စရာတွေ ချည့် တင်နေတာ

ခုရေးရကျိုးနပ်တယ်ဆိုရမယ် ဧည့်သည်တွေဆီ သွားလည်ရင်း မှ တဆင့် တဆင့်နဲ့  တန်ဖိုးရှိတဲ့စာတွေ ဖတ်ရတယ် ခုတော့ ပို့ စ်တွေ ဘလောက်တွေ စုစည်းနေပါတယ်။ ဖိုးဝရဲ့ စိတ်ကူးလေးကမှန်တယ် ပြန့် နေတဲ့ ဗဟုသုတတွေကို စုစည်းထားရင် ကောင်းမှာဘဲလို့ ။
စာရေးသူရဲ့ ပို့ စ်တွေဖတ် ပြီး စာရေးသူရဲ့ ဘ၀ခံစားချက်ကို မှန်းဆနိုင်ပါတယ် ကြိုပြောလိုက်မယ်နော် ဆန့် ကျင်ရာ ဘက်က တွေးမှမှန်လိမ့်မယ်... စိတ်ပညာ အရ ပေါ့.. သာမန် စာဖတ်ပြီး အကဲခတ်ရင်တော့ မှားသွားလိမ့်မယ် ဘာကြောင့်လဲဆိုတော့ ခေတ်ပညာတတ် တယောက်ဟာ သူ့ ခံစားချက်ကို တည့်တည့် မပြောဘူးဆိုတာ သတိပြုစေချင်ပါတယ် ရှားလော့ဟုန်း အဲမှားလို့  တက်လော့ဟုန်း (ဘာလာခေါက်) ကတွေးသလို တွေးကြည့်ရင် ကိုဆန်းဦး(မန်း အဲမ်စီစီ) ပြောသလို ပေါ့...

နောက်မှ ထပ်ရေးတော့မယ် (03/09/07)


ဖတ်ကြည့်ချင်သေးလား....

Thursday 8 November 2007

FOR GIRL

ဘဲတကောင်လုံး အသုံးချနည်း

ကျနော်တို့  တကသိုလ် ပထမနစ်တွင် fun fair များလုပ်ပြီး အုပ်စုအလိုက် ရံပုံငွေ ရှာကြပါသည်။ ကစားစရာနည်းများတွင် မိန်းခလေးများအား ယဉ်ကျေးစွာ နောက်ပြောင်သော ကစားနည်းများ ပြုလုပ်ကြပါသည် ဥပမာ Ballဖမ်းပွဲ၊ ဘဲဖမ်းပွဲ၊ ဗလမယ်ပြိုင်ပွဲ စသဖြင့် ရီမောစရာ ကစားနည်းများ ကို လက်မှတ်ရောင်းကာ ရံပုံငွေရှာ ကြပါသည်။

Ballဖမ်းပွဲ မှာ ၁၅ပေ အကွာမှ ပစ်လိုက်သော ပင်ပေါင် ဘောလုံးလေး ကို ပေးထားသော ခြင်းသေးသေး ဖြင့် ဖမ်းရခြင်း ဖြစ်ပါသည်။ တခါ ကစားလျှင် ဘောလုံး၅ခါ ဖမ်းခွင့်ရှိသည်။ ၃လုံးအနဲဆုံးဖမ်းမိလျှင် ဆုရပါသည်။

ဘဲဖမ်းပွဲမှာ ၁၀ပေ ပတ်လည် ခြံလေးထဲတွင် ဘဲ၁၅ကောင်ခန့်  လွှတ်ထားကာ ထို တဂတ်ဂတ်မြည် ရ်ျ လှုပ်ရှားနေ သော ဘဲများကို ကြိုးတပ်ထားသော ရောင်စုံ ပလပ်စတစ်ကွင်း ဖြင့် ပစ်ရ်ျ ဖမ်းခြင်းဖြစ်ပါသည်။

ဗလမယ် ပြိုင်ပွဲမှာ စီးစောတဖက်တွင် အလေးများထားပြီး မြေကြီးတွင် ချထားပြီး အပေါ်ထောင်နေသော နောက်တဖက် ကို အောက်ရောက်ရန် ဆွဲချရသော နည်းဖြစ်ပါသည်။

ဒါ့ကြောင့် ပျိုပျိုမေတို့ အတွက် အထူးအစီအစဉ် ...ဘဲတကောင်လုံးအသုံးချနည်း ကို တင်ဆက်ပါမည်။


မနက်က စိတ်ကူးထားခဲ့သော အကြောင်းလေးများသည် ညဘက် ဆီပုံးတွင် ရေးခဲ့သော အလွမ်းအိမ် ရဲ့ (စားစရာတွေက တယ်ကောင်းပါလား။ ဘဲပေါင်းတောင်စားချင်လာပြီ။) ဆိုသော မှတ်ချက်လေးကြောင့် တိုက်ဆိုင်သဖြင့် ယခုကဲ့သို့  ရေးဖြစ်ခြင်း ဖြစ်ပါသည် ။

တကယ်တမ်းကျတော့ အထက်က ပြောတာနဲ့  ရေးချင်တာ မတူဘူးဗျ။ ဘဲဆို လို့ ဘဲဖမ်းပွဲသတိရသွားလို့ ထဲ့ရေးတာ
ခဏလေး နေအုန်းဗျာ နောက်နေ့ မှ ဆက်ရေးပါရစေ နဲ နဲ အချိန်နဲ နေလို့ ပါ ...

ဖတ်ကြည့်ချင်သေးလား....

Happy Birthday Ko Yan Aung & BarNyar


Birthday BOY ကိုရန်အောင် နှင့် Birthday GIRL ညီမလေး ဘာညာ
၏ ယနေ့  ၈.၁၁.၂၀၀၇ တွင် ကျရောက်သော ၁--နစ် မွေးနေ့ မင်္ဂလာမှ သည်
သက်ဆုံးတိုင် အောင်မြင်မှု့ များ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း များဖြင့် ပြည့်စုံပါစေသောဝ်

ကဲ စားကြပါ








ဆီမီးက ဘုရားအတွက် ရည်စူးပြီး အာရုံဏ်ပြု ပြီး ကိုယ့်အတွက် ဆုတောင်း
ပုဂံသေးသေးက ဘုရားအတွက် ဆုတောင်းဗျာ

ဘဲသားပေါင်း ထမင်းနဲ့ ကြက်အရေခွံကြော်
ခင်ဗျား အတွက် ကျုပ်က ဥပုသ်နဲ့ မို့ လို့ မသောက်ဘူး (ညီမလေး သောက်နိုင်ရင် သောက်ပေါ့)
နောက်ဆုံးပိတ် က မုန့် ဗျာ
ကဲ ကျုပ်အလုပ်သွားတော့မယ် ပျော်ရွှင်ပါစေဗျာ

ဖတ်ကြည့်ချင်သေးလား....

Wednesday 7 November 2007

Notice


အရေးပေါ် သတင်း ထုတ်ပြန်ချက်

ဘလော့ရေးခြင်း ခေတ ရပ်နားပါမည်။ အကြောင်းမှာ ဗီဒီယိုတင်မိရ်ျ ဥပုသ် ကျိုးသွား သောကြောင့်ဖြစ်ပါသည်။ စာမေးပွဲပြီးသော အခါတွင် ပြန်လည် ရေးသားပါမည်။

သို့ သော် စာရေးသူ၏ ပျောက်နေသော ဆီပုံးအတွက် ပညာရှင်များအနေဖြင့် ကူညီပေး စေလိုပါသည်။ မြေခွေးဖြင့် ကြည့်လျှင် ဆီပုံးမြင်ရသဖြင့် မှာတမ်းချွေခဲ့ ပေးစေချင်ပါသည်။ လာလည်သူများ အားလုံးကို ပြန်လည် ဖြေကြားပါမည်။


ခွင့်လွှတ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။


ဖတ်ကြည့်ချင်သေးလား....

News - Rock & Roll competitation


ရော့  အဲင် ရိုး ပြိုင်ပွဲ

ပြိုင်ပွဲ စတော့မယ်နော်... ကဲ စပြီ...

(အဲဗစ်ပရေစီတောင် ငိုသွားတယ်)



မမြင်ရရင် လင့် ကို တိုက်ရိုက်နှိပ်ကြည့်ပါ


နောက်တခေါက် လာပြိုင်နိုင်ပါတယ်

ဟိုက် သွပ်ခဘဲ..

ရော့အဲန်ရိုးလုပ်မိလို့  ဥပုသ်တပါးကျိုးပြန်ပြီဗျ

ဖတ်ကြည့်ချင်သေးလား....

True story - Tour around the bloggers

ဘလော့ကာ ခရီးစဉ်

၂၇. ကဲ ၆.၁၁.၀၇မှာ ပိုးစင် (ဖိုးဇင်)ရဲ့ အိမ်လေးကိုသွားလည်တယ်။ သူက ရေနဲ့ လေလို ကျင့်ကြံတယ် အရောင်အသွေးမရှိတဲ့ ဘလော့လေးပါတဲ့ ဟုတ်တယ် တကယ့် တန်ဖိုးရှိတဲ့ စာတွေနဲ့ တန်ဆာဆင်ထားတာ။ အမယ်တယ်ဟုတ်ပါလား ချစ်သူကောင်မလေးနှင့် စကားပြောရ သည်ကို စိတ်ဝင်စားသည်တဲ့ အင်း အိမ်ထောင်ကျသွား ပြီးလဲ ချစ်သူ ကောင်မလေးနှင့် စကားပြောရသည်ကို... အင်း ဆက်မတွေးတော့ဘူး တော်ကြာ ကျုပ်ပါ အဆစ်ကြံရာပါ ဖြစ်မှာစိုးလို့  ပြေးထွက်လာရတယ် (ဟတ် ဟတ် .. ဆင်စွယ်နောက်တဖီး နဲ့ တလုံးထပ် စရံသတ်ပါ့မယ် ဆီပုံးလေးပျောက်တာ ဆက်ရှာပေးပါဗျာ )


နောက် ထပ် လာ မည် မျှော် ပါ ။ ရင်ခုန်ခြင်း များစွာဖြင့် စောင့်မျှော်နိုင်ကြပါသည်။

ဖတ်ကြည့်ချင်သေးလား....

Monday 5 November 2007

အမိန့် တော်ပါတယ်


အမိန့် တော် ထုတ်ထားတာလဲ ကယ်တင်ရှင် မပေါ်သေးဘူး စိတ်ညစ်တယ် ဗျ

မထဘူးဗျာ ထဘူး..



ဒီလင့်မှာ တိုက်ရိုက်ကြည့်နိုင်ပါသည်

ကယ်တင်ရှင် အလိုရှိသည် အမိန့် တော်

ဘလော့ကာ ပြည်သား လူအများတို့ လေး.....

အိုင်အီးထဲတွင် အကျွန်ပ်၏ ဆီပုံးကို ရှာဖွေ

ပေးနိုင်သူအား

ဆင်စွယ်ပေးမည် ဖြစ်ကြောင်း ......




တလုံး၊ တဖီး၊ တခိုင် ကြိုက်ရာရမည်။

ပုံ

jatiitaj@gmail.com


အကြောင်းရင်းမှာ.......

အမ်တီဂျေက (ကျုပ်နံမည် ပါသောကြောင့်) လာရောက် အားပေးကာ ရီ သွားသဖြင့် (မဂျွိုင်းနိုင်သူ ဟုပြောသွားသည့်အပြင်

ကောင်းကင်ကိုက (စီပုံးထဲဝင်ပူးသော သရဲသည် မြေခွေးသာကြောက်ကြောင်း) အတင်းတုတ် သဖြင့် ကျွန်ပ်၏စီပုံးအား အမြန်ဆုံးနှန်းဖြင့် အပူတပြင်း ရှာဖွေနေရပါကြောင်း။

ခုကြည့်လေ ကျုပ်ရဲ့ ဆီပုံး ဘယ်သူ ဖျောက်ထားလဲမသိဘူး။ အခု စုံထောက်ကျော် ၅ဦးကို ချဉ်းကပ် ထားရတယ်။ စုံထောက်ကြီးများက မအားသေးလို့ တဲ့ ကျုပ်လဲ လူစစ်စစ် ဖြစ်သော်ငြား လည်း ပြာနေပြီ။

- မသင်္ကြန်ကို ဆင်စွယ် တစ်လုံး ဖြင့် စရံသတ်ကာ ချည်းကပ်ထားပါသည်။
- စုံထောက်ကိုဖီးနစ် ကို ဆင်စွယ် တဖီး အော်ဒါ မှာပေးထားပြီး ချည်းကပ်ထားပါသည်။
- စုံထောက် ကိုရန်အောင်အား ဆင်စွယ် တခိုင် အစဉ်သင့် ဘုတ်ကင်လုပ်ပြီး ချဉ်းကပ်နေပါသည် (သို့ သော် စုံထောက်ကြီးမှာ သီတင်းကျွတ် ချိန်တွင် မကျွတ်နိုင်ဘဲ ကြွတ် နေ ပါသောကြောင့် စောင့်ဆိုင်းနေရ ပါသည်)။
- စုံထောက် ကိုဈာန်မှာ သီတင်းကျွတ် အမှီ ဈာန်လျော ပြီး အလုပ်များနေသော ကြောင့် တိုကင်နံပါတ်များ ကို အရှေ့ မှ တစ် နှင့် သုံည သုံည တိုးသဖြင့် စာရေးသူ၏ ဘွတ်ကင် နံပါတ်မှာ ၁ ဘ၀မှ ဈာန်လျောကာ ၁၀၀၁ ဖြစ်သွားပါသဖြင့် စောင့်စားနေရပါသည်။
- စုံထောက်ကြီးကိုမောင်လှ ကို ဆင်စွယ်ပြသော်လည်း နက်ပြသနာကြောင့် သတင်းမရပါချေ။

- ထိုအတောအတွင်း ဒေါက်တာ မွန်း၊ ၀င်္ကဘာ၊ ခွန်မြလှိုင်၊ မီးလေး၊ နှင်းပွင့်လေး တို့ မှာ မရှာပေးနိုင် သော်လည်း ဆင်စွယ် လာတောင်းသဖြင့် ဆင်စွယ်တလုံးစီ ပေးအပ်ထားပါသည်။

သို့ သော် ယခုထိ ဆီပုံး သတင်း ကို မသိရသေး သဖြင့် စာရေးသူ စိတ်ညစ်နေပါသည်။

ထို့ အပြင် စုံထောက်ကြီး ရန်အောင်မှာ သူ၏ ဒုခိတသရဲ၊ သရဲအစွမ်းမရှိသောသရဲ၊ ညသရဲကို ကြောက်သောသရဲ၊ စက်ဘီးငသိုသရဲ အကြောင်း သတင်းဖော်ထုတ် မိသဖြင့် စာရေးသူအား လုံအောင် နေမှ လွတ်မည် ဟု ကြိမ်းဝါး နေပါသည်။ အပေါ်ခံရန် မဖြစ်နိုင် သဖြင့် လုံအောင် နေနေ ရပါသဖြင့် ပိုရ်ျ စိတ်ညစ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Tuesday 30 October 2007

True story - Hollowe’en ဆိုတဲ့ သရဲ


Hollowe’en ရောက်ပြီ ...ဆိုတဲ့ သရဲ ပွဲ

အဓိပတိကြီး ကိုရန်အောင် က သရဲအကြောင်းရေးဖို့  ဆိုလာတော့ ရေးပြရတာပ။ ကိုယ်တွေ့ ထက် သူများတွေ့  ဘဲများပါတယ်။ တကယ့် အဖြစ်ပျက်တွေ ကြားဘူးတာ ရေးထားတာပါ။

စာရေးသူတို့  ရန်ကုန်က ကွန်ပျူတာ တကသိုလ်ကြီး ဟာ ၁၉၇၀လောက် ကစတည်ခဲ့ပါတယ် ချောင်ကျတဲ့ မြေမှာ တည်ရှိခဲ့သလို သင်္ချိုင်းဖြစ်ခဲ့ဘူးသလို ပြောခဲ့ပါတယ် မဆန်းပါဘူး ဂျပန်ခေတ်မှာ အသတ်ခံရတဲ့ သူတွေ များမှများမဟုတ်လား။ တခုချင်း ခေါက်ထားတဲ့နေရာမှာ ရေးထားသဖြင့် သူရဲ ကြောက်သူများ ခေါက်ထားတဲ့ စာများ မဖတ်ပါနှင့်


ကျနော်လည်း ကြောက်တာဘဲဗျ ဟီး။ ဒါကြောင့် နံမည်ကြီးတဲ့ ဒီကျောင်းထဲ ခနွာကိုယ် တခုလုံး ၀င်ရောက်လာရင် စပြီး ဂါထာရွတ်သဗျ။ ဂါထာမှာ.
ကွန်ပ်သည် သရဲကြောက် တတ်ပါသည်။ အသင်သရဲတို့ အား ပြုသမျှ ကုသိုလ်ဝေပါသည်။ အသံ အရိပ်အယောင် လာမပြပါနှင့် အမျှ...အမျှ .. အမျှ...။ ဖြစ်ပါသည်။

မဟာသိပံစာမေးပွဲကြီး ရောက်လာပါပြီ စာရေးသူမှာ အပြင်းဖျားနေပါသည်။ စာမေးပွဲတွင်းတွင် ကျက်သော စာမှာ ၂ခုရောထွေးပြီး ပြီး မည်သည့်အဖြေကို ဖြေရမှန်းမသိသဖြင့် သရဲများ အား အကူညီတောင်းရပါသည်။

ကျွန်ပ်သည် က်ျကျောင်းတွင်ရှိသော အစောင့်ရှောက်များ ဖြစ်သည့် အသင်တို့ အား ကျောင်းဝင်းထဲ ကွန်ပ် ရောက်ရှိနေသမျှ ကုသိုလ်မျှဝေခဲ့သည်မှာ သင်တို့ အသိပါ။ ထပ်မံရ်ျ ကုသိုလ်ဝေပါသည်။ မည်သည့် အဖြေ မှန်သည်ကို ရွေးချယ် ပြန်လည် ကူညီပါ....ဟုဆိုပြီး အဖြေတခုကို စတင်ဖြေပါသည်။

ရုတ်တရက် မျက်ခန်းများ လှုပ်သွားပါသည်။ ချက်ချင်း ထိုအဖြေကို ခြစ်ပစ်ပြီး နောက် အဖြေကို ဖြေပါသည်။

စာမေးပွဲခန်းတွင်းမှ ထွက်လာသော အခါ အဖြေမှန်ကို ဖြေခဲ့ကြောင်း သရဲတို့ ၏ ကျေးဇူးအား အထူးတင်ရှိကြောင်း ယခုပို့ စ်ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ (သူတို့ လည်း ကျနော့်ရဲ့ မှတ်စုတွေ ဖတ်ပေးရပုံပေါ်တယ်။ ကျေးဇူးကမာပါ ၂ရက်ရထားသော ဥပုဒ်ကုသိုလ်များအမျှဝေပါသည် ကျေးဇူးရှင်များ နှင့် စာဖတ်သူများ အမျှ အမျှ အမျှ..)

ဌာနမှုးကြီး အခြောက်ခံရပြီးသည့်ချိန်မှ စရ်ျ နစ်စဉ်နစ်တိုင်း သင်္ကြန်တွင် ဒုလာဘရဟန်းပြုခြင်း အလျှုလုပ် အမျှဝေခြင်းလုပ်ရာမှ ၁၉ရာစုနစ်မကုန်ခင် သင်္ကြန် အလျှုတွင် ကျောင်းထိုင်ဘုန်းကြီးမှာ တရားမဟောဘဲ ဆိတ်ဆိတ်ထိုင်နေသဖြင့် ဒုတိယကျောင်းထိုင်မှ တရားဟောခြင်းပြုခဲ့ရပါသည်။ နောက်ပိုင်းသိရသည်မှာ ဆရာတော်သည် ပရိသတ်ကြားတွင် ရှိသော မမြင်အပ်သော အရာက ကျွတ်လွတ်သွားကြောင်း လာရောက်နှုတ်ဆက်သဖြင့် ယင်းအား တရားဟောခြင်းပြုနေသောကြောင့် ဟုသိရပါသည်။ ၁.၁၁.၂၀၀၇

(ယခုပို့ စ်ကြောင့် ဖတ်သူအများ ထိပ်လန့်ရခြင်းကြောင့် စိတ်မကောင်းသဖြင့် အသေးစိတ် များပယ်ဖျက် ထားပါကြောင်း။)

- ကျနော်သည် ကားဒရိုင်ဘာဖြစ်ပါသည်။ ယခုဌာနသည် ၂၄နာရီ လုပ်ငန်း ဖြစ်သော်လည်း ဘတ်စကား မရောက်သဖြင့် ရုံးကားဖြင့် မြေနီကုန်း ဘတ်စကားမှတ်တိုင် သို့ အီးတူးတောင်စင်ဖြင့် အကြိုအပို့ လုပ်ပေးရ ပါသည်။ တညဘက် ရုတ်တရက် အချိန်ပို ညဆိုင်းဆင်းသူများအတွက် ညစာဝယ်ပေးပြီး အပြန် တကသိုလ် နား ကန်ဘောင် မှတ်တိုင် အရောက်တွင် မိန်းခလေးငယ်တဦး ကားကြုံစီးရန် အကူညီတောင်းသဖြင့် တင်ခေါ်ပေးခဲ့ပါသည်။ သို့ ဖြင့် ကွန်ပျုတာ တကသိုလ်နား ရောက် သောအခါ ထိုမိန်းခလေးအား မည်သည့်နေရာတွင် ချပေးရမည်နည်းဟု မေးရန် ကားနောက်ဖက် သို့ လှမ်းကြည့်သော အခါ. မည်သူမျှ မတွေ့ ရချေ။

- စက်ခန်းဌာန တွင်းမှ လုပ်ဖော်ကိုင်ဖက်များ ထမင်းစုစားသည့် အရသာသည် အလွန်ထူးခြား လှပေသည်။ ထမင်း ဟင်းပိုထဲ့ကာ ဝေမျှ စားသောက်ကြပါသည်။ ညနေတိုင်း ထမင်းစုစားပြီး ပိုလျှံသမျှကို ကျောင်းဆောင် အပြင်ဘက် စားသောက်ဆိုင် သို့ သွားရာလမ်း လေးရှိ သစ်ပင်အောက်တွင် ခွေးကလေးများစားရန် သွန်ပစ်နေကြဖြစ်သည်။ တညနေတွင် ကျမတို့ မှာ အလုပ်ပြီးအောင် စောင့်ရသဖြင့် ၁နာရီခန့် နောက်ကျမှ ထမင်းစား ကြပါသည်။ ကျမမှာမူ ၁နာရီခွဲကျော်မှ ထမင်းစားထွက်လာရပါသည်။ အရင်ထွက်နှင့် ပြီးသူများ စားသောက်နေ ကြသည်ကိုလည်း မြင်ရသလို.... ကျမကဲ့သို့  စားသောက်ဆိုင်သို့ လှမ်းကြည့်သော အရာကို သစ်ပင်လေးအောက်တွင် တွေ့ လိုက်ရပါသည်။ အပြာရောင် အရာကို မြင်ရသည်နှင့် ကျမလည်း ဆက်မကြည့်ရဲဘဲ သုတ်ခြေတင် အပြေးလေး သွားပြီး အဖေါ်များထံ သွားစုရပါသည်။

- ကျနော်တို့ ကွန်ပျုတာမှာ ပရိုဂရမ်ကို ပန့် ကဒ်ဖောက်ခြင်း အမှားစစ်ခြင်း ကဒ်ပြားများထဲ့ရ်ျ စက်တွက်ခြင်း အမှားစစ်ခြင်း အဖြေထွက်လာသည့် စာရွက်များစုခြင်း အမှားစစ်ခြင်း မှန်သော အဖြေများ ကို အုပ်စုခွဲရ်ျ သက်ဆိုင်ရာ စင်ပေါ်တင်ခြင်း။ စက်ကို ပြုပြင်ထိန်းသိမ်းခြင်း ဖုံသုပ်ခြင်း မလိုသော ကဒ်များလွှင့်ပစ်ခြင်း လိုအပ်သော စာရွက်များ ထုပ်ပိုးသိမ်းရပါသည်။ ၂၄နာရီ အလုပ်ဖြစ်သဖြင့် ညဆိုင်းတွင်လည်း အလှည့်ကျ စားပွဲတခုတွင် အိပ်ကြရပါသည်။ ညဆိုင်းကျသောအချိန်တွင် ၃ယောက်လုပ် ၁ယောက်နား လုပ်ချိန်တွင် ကျနော်အလှည့်တွင် စိတ်ထဲ တမျိုးဖြစ်ရ်ျ အိပ်နေရင်းလန့်  နိုးလာသဖြင့် မျက်စိဖွင့်လိုက်ရာ စားပွဲနှင့် ကပ်လျက် မှန်တံခါးကြီး တွင် .. ။ ည၂နာရီ ဘယ်သူမှ ရောက်စရာ အကြောင်းမရှိပါ။

- ကျမသည် အလွန် ဘုရားတရားလုပ်သော အပျိုကြီးဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဖက်များ ၏ဇတ်လမ်းများစွာ ကြားသိရသော်လည်း ကျမ မတွေ့ ခဲ့ရပါ။ တနေ့ လည် တွင် ရေအိမ်သို့ အသွား အရှည် ၁၀ပေခန့် ရှိ လက်မောင်းလုံးခန့် လုံးပတ်ရှိ စပါးကြီးမြွေကို ရေအိမ်တွင်းတွင် မမျှော်လင့်ဘဲ တွေ့ ရသဖြင့် လန့် ဖြန့် ကာ အော်ဟစ်ပြီး ထွက်ပြေးခဲ့ပါသည်။ စက်ခန်းအတွင်းရှိ အမျိုးသားများ မြွေဖမ်းရန် အပြေးအလွှား ၀င်ရောက် လာသော အခါတွင် မည်သည့်အရာကိုမျှ မမြင်ရချေ။ ကျမမှာ ရိုးသားလွန်း ဘုရားတရားကြည်ညိုလွန်းသူ ဖြစ်ရ်ျသာ သူတို့ မှာ ကျမအား ယုံကြည်ပြီး မကြောက်ရန် ငိုယိုနေသော ကျမအား အားပေးကြပါသည်။

- ကျနော်မှာ အလွန် စာကြိုးစားသူ အလုပ်အလွန်လုပ်သူ ဌာနမှုးဖြစ်ပါသည်။ ကျောင်းတွင် နစ်တိုင်း ပထမဖြင့် အောင်မြင်ခဲ့သလို အလုပ်တွင်လည်း ရာထူးအမြင့်ဆုံးကို ရခဲ့ပါသည်။ တခါတရံ အိမ်သို့ ပင် မပြန်ဘဲ ညလုံးပေါက် ရုံးတွင် ထိုင်ကာ စီမံကိန်းအလုပ်များ ကျောင်းသားများ၏ မဟာသိပံစာတမ်းများဖတ်ရှု့ ခြင်း ကွန်ပျူတာပညာ အသစ်များလေ့လာခြင်းဖြင့် အချိန်ကုန်ပါသည်။ တညနေတွင် မြေညီထပ်ရှိ စက်ခန်းမှ ဒုတိယထပ်ရှိ ကျနော်၏ ရုံးခန်းသို့  အ၀င် ကျနော်၏ စားပွဲပေါ်တွင် ......... မြင်လိုက်ရသဖြင့် ဆံပင်မွှေးများထောင်ကာ အော်ဟစ်ရ်ျ လူအများရှိရာ စက်ခန်းသို့ဆင်းပြေးခဲ့ရပါသည်။ ထိုအချိန်မှ စရ်ျ ညဘက် အိမ်သာသွားလျှင် ချစ်လှစွာသော ချစ်ဇနီးကို ခေါ်ရ်ျ တံခါးဝတွင် အစောင့်ကြပ်လုပ်ခိုင်းရပါသည် ... သြော်သူက ၀တုတ်ကြီးဆိုတော့ အားရှိတာပေါ့ သရဲကို ပြန်ချနိုင်မှာ လေ.. ကျနော် ၀တာက သူ့ ကို မှ မမှီတာ..


ဖတ်ကြည့်ချင်သေးလား....

Monday 22 October 2007

True story - Unisex author

လောလောဆယ်မှာ လူတွေ ဖြစ်နေကြတာ ပြောရရင် ..

စာရေးသူ ဘယ်အမျိုးအစားမှာပါသလဲဆိုတဲ့ ပြသနာပါ။

စာရေးသူအနေနဲ့  lady or Gentleman ဆိုတာမရှိပါဘူး။

ကိုဂျေ ခေါ်သလို မဂျေခေါ်လည်း ရပါတယ်ဗျာ unisex ဆိုပါတော့

ှသေချာတာက neither gay nor lesbrian အခြောက်မဟုတ်သလို ယောက်ျာရှာ မဟုတ်ပါဘူး
(ဂျီပုံး မဟုတ်သလို နှာဘူးလည်း မဟုတ်ကြောင်း အသိပေးလိုပါသည်)

သက်မဲ့စာလုံးတွေ ဘာသာပြန် ရေးသူဘဲဖြစ်ပါတယ်။ ကိုယ်ဖတ်မိတဲ့ အကြောင်းအရာ ကိုယ်သိတဲ့ အကြောင်းအရာ လေးတွေ ဝေငှပေးချင် တာကြောင့် ယခုဘလော့ ပေါ်လာခြင်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန် အကြောင်းကလွဲပြီး စိတ်ကြည်နူးစရာ ဘဲ ရေးတင်ပါတယ်။ ဒါ့ကြောင့် လာဖတ်သူ မှန်သမျှ စိတ်၏ချမ်းသာခြင်း ဖြစ်စေချင်တာကြောင့် စာရေးသူအနေဖြင့် UNISEX ဆိုတာကို ဘဲ ဖေါ်ပြလိုပါတယ်။

တခုတော့ရှိပါတယ် စီဘောက်မှာ ကိုယ်နဲ့ မအပ်စပ်တာတွေ့ ရင် ဖျက်ရပါမယ်။ အကြောင်းမှာ အားလုံးကို စိတ်ချမ်းသာ စေချင်သလို ကိုယ်ကိုယ်တိုင် စိတ်ချမ်းသာအောင် နေချင်လို့ ပါဘဲ။

အားလုံးပြုံးပျော်နိုင်ပါစေ

(စာဖတ်ပြီးသူအားလုံး ပြူးကျယ်သွားမယ် ထင်ပါတယ်။ ပြူးခဲ့ရင် ပြူးလက်စ နဲ့ နောက် တခေါက် ဘလော့ ကို အစအဆုံး လေ့လာလိုက်ပါ။ ပြူးနေသည့် မျက်လုံး အစုံမှ ထွက်လာသော မျက်ရည်နှင့် ကျယ်နေသော ပါးစပ်မှ ထွက်လာသော အသံများအတွက် တာဝန်မယူပါ)

ဖတ်ကြည့်ချင်သေးလား....

Thursday 18 October 2007

News - Dance dance dance!


ဘယ်သူ ပြိုင်လို့  က ပါတော့နိုင်.......

တချို့ က ဗီဒီယို ကို မမြင်ရဘူးပြောတယ်။ ဒီမှာ လင့် ရေးထားပါတယ်။ တိုက်ရိုက်ကြည့်လို့ ရပါတယ်။





စာဖတ်သူတွေ တိတ်တိတ်လေးကြိတ် ပြီး ရေချိုးခန်းထဲမှာ က နေကြမှာ ကို သိနေတယ်နော်...

ဖတ်ကြည့်ချင်သေးလား....

True story - Urgent Your duty! သင် တာဝန်ကျေရဲ့လား


ယခုဘလော့ကို လာလည်သော သင် တာဝန်ကျေရန် လက်မှတ်ထိုးကြပါ။http://www.petitiononline.com/untroops/petition.html

ရန်ကုန်ဆေးရုံမှ လူနာများအတွက် သွေးလိုအပ်နေပါကြောင်း
http://raven-bdc.blogspot.com/2007/10/announcement.html

သင် ဗုဒဘာသာဖြစ်ပါသလား သင် မြန်မာ (တိုင်းရင်းသားအားလုံး) ဖြစ်ပါသလား မြန်မာ နိုင်ငံသား သို့ မဟုတ် မြန်မာနိုင်ငံမှ မျိုးဆက် ဖြစ်ပါသလား။

အမြန်ဆုံး လက်မှတ်ထိုးကြပါ။ သင်တို့ ၏ နိုင်ငံခြားသား မိတ်ဆွေများကိုပါ လက်မှတ် ရေးထိုး ပေးရန် အကူညီတောင်းပါ။

အီးမေးထဲမှတဆင့် ပြန့် ပွားစေလို ပါသည်။

တာဝန် ကျေ စေ ချင်ပါသည်။


ဖတ်ကြည့်ချင်သေးလား....

Wednesday 17 October 2007

True story - Elephant God Hindu


မဟာပိနဲကလည်း ဆန်ဒပြပေးနေတာများလား

ဒီပို့ စ်ကို ရေးဖို့ အစီစဉ်မရှိပါဘူး ယနေ့ ဖော်ဝဒ် ရောက်လာတာပါ။ မေးထဲမှာ အကြိမ်၂၀ ဖြန့် ခိုင်းတယ် ။ ထုံးစံ အတိုင်းပေါ့ မဖြန့် ရင် ဘာညာ ကွိကွ ပေါ့. chain mail လို့ ခေါ်ပါတယ်။ စာရေးသူအနေနဲ့ ဓါတ်ပုံတင် ရခြင်း အကြောင်းမှာ မဟာပိနဲက အနီရောင် ပြောင်းနေသော ကြောင့် စာရေးသူတို့ အတွက် ကယ်တင်ခြင်း ဖြစ်ကောင်းရဲ့ အမြင်ဖြင့် တင်ပြခြင်း ဖြစ်ပါတယ်။ မေးလ်ထဲမှာ မဟာပိနဲပုံ ပါလာလို့  ကြုံကြိုက်လို့ သတိရသွားတာ ......


ပြောချင်တာက ၁၉၉၅ (မတ်လ ထင်တာဘဲ) လောက်မှာ အိဒိယ နိုင်ငံ ဟိနဒူဘာသာဝင် တဦးဟာ အိမ်မက် အရ မဟာပိနဲလို့ ခေါ်တဲ့ ဆင်ဘုရားကို နွားနို့ ဆွမ်းကပ်ရင် အမှတ်တမဲ့ နွားနို့ ကို ဆင်နှာမောင်း နှင့် ထိပြီး ဆွမ်းကပ်လိုက်ပါတယ် ။ ရုပ်ပွားတော် ဆင်နှာမောင်း က နွားနို့ ကို စုပ်ယူသောက်သုံးလိုက်တာ တွေ့ ရှိရတာနဲ့ တကမာလုံးသတင်း ပြန့် သွားပြီး ဟိနဒူ ဘုရားကျောင်း တွေ မှာ လူတိုင်းသွားရောက် နွားနို့ ဆွမ်း ကပ်ကြပါတယ်။
ဆင်ဘုရားတင် မဟုတ်ပါဘူး။ ရှိသမျှ ကျောက်နဲ့ ထွင်းထားတဲ့ သစ်သားနဲ့ ထုထားတဲ့ ဘုရားမျိုးစုံ နဲ့ အစောင့် တိရိစာန် တွေအားလုံး ဟာ သူတို့ ပါးစပ်၊ နှာမောင်း ကို နွားနို့ ၊ ရေ ကပ်လိုက်တာနဲ့  ကပ်လိုက်သော နွားနို့ ၊ ရေ၊ ဖျော်ရည်တွေ ဟာ မင်စုပ်စကူက ရေစုပ်ယူသလို ကုန်သွားတာ မျက်မြင် ကြုံတွေ့ ကြရပါတယ်။ ဒါဟာ ဘုရားကျောင်းမှာမှ မဟုတ်ပါဘူး ဟိနဒူလူမျိုးတွေ ရဲ့ နေအိမ်မှာ စမ်းသပ်တာလည်း သောက်သုံးကြောင်း အံ့သြဘွယ်ရာ တွေ့ ရပါတယ်။
သဘာဝလွန် ဖြစ်ရတဲ့ ကျောက်ရုပ်ထု၊ သစ်သားရုပ်ထုတွေ က နွားနို့ ဆွမ်း၊ ရေဆွမ်း သောက်သုံးတာ ကမာအဆက်ဆက် မကြားဘူးကြပါဘူး။ သောက်သုံးမှု က လည်း မြန်ဆန်ပါတယ်။ လဘက်ရည်ဇွန်းနဲ့ တိုက်ရင် စကန့် ၃၀ အတွင်း နွားနို့ ၊ရေ တွေဟာ ထိကပ်ထားတဲ့ ပါးစပ်၊နှာမောင်းဘက် တိုးဝင် ပျောက်ကွယ်သွားပါတယ်။

ကိုယ်တိုင် နွားနို့ ဆွမ်း ရေဆွမ်းများကို ဘုရားရုပ်ထုသာ မက ဘုရားကျောင်းဝန်းအတွင်းရှိ ရှိသမျှ သော ရုပ်ထုများကို ကပ်ခဲ့ပါသည်။ ထို့ ကြောင့် မျက်မြင် ကိုယ်တွေ့ ကိုယ်ကိုယ်တိုင် စမ်းသပ်ခဲ့သဖြင့် ယခုကဲ့သို့ ရေးသားခြင်း ဖြစ်ပါသည်။

အဲဒါကလည် ရက် အကန့် အသတ်ရှိ ပါတယ်။ မှတ်မိသလောက် ဟိနဒူ လပြည့် ပွဲတော်အထိ သောက်သုံးမယ် ဆိုတာ ကြိုပြောထားတဲ့ အတိုင်း နောက်တရက်ကူးတာနဲ့ တပြိုင်နက် မည်သို့ မျှ မသောက်သုံးတော့တာ တွေ့ ရပါတယ်။

ထို အချိန်မှာ လူတိုင်းနွားနို့ ဆွမ်းကပ် ကြတာကြောင့် နွားနို့ ဝယ်လို့ မရတဲ့ အခြေနေတောင် ရောက်ရှိ သွားရပါတယ်။ ဟိနဒူလူမျိုးတွေ အနေနဲ့ မည်သို့  နိမိတ် တန်ခိုးများပြတယ် ဆိုတာ မပြောတတ်ပေမဲ့ သိပံပညာရှင်တွေ က မျက်မြင်သက်သေ ကို သိပံနည်းနဲ့  မဖြေရှင်း ခဲ့နိုင်ကြပါဘူး။
နောက်မှ ထပ်ကြိုးစား တင်ကြည့်ပါအုန်းမယ်

ဖတ်ကြည့်ချင်သေးလား....

Sunday 14 October 2007

True story - Love record


ဘလော့ကတဦး က ရင်ဘတ်မှတ်တမ်းတဲ့

ဒီတယောက်က တော့ ကျောမှတ်တမ်းပါတဲ့ ဗျား

အိမ်ထောင်သက် ၁၅နစ်မြောက် နေ့ မှာ ချစ်ရတဲ့ မိသားစုအတွက် မည်မျှ ချစ်ရကြောင်း ချစ်သက်သေ ပြရန် အချစ်များ ရင်တွင်း မဆန့် ဘဲ ကျောသို့ ဖောက်ထွက်သည့် အလား သက်သေ ပြလေသော Alan Jenkins သည် သက်ရှိ အရွယ် မိသားစု မျက်နာလေးများကို နာရီ၂၀ ကျော် အမေရိကန် ၁၇၀၀ မျှ အကုန်ခံရ်ျ စုတ်မင် ထိုး သက်သေပြခဲ့သည်။ ဇနီးသည် Lisa, 36 years, Daniella, 10 years, and Jade, 15 years နှင့် အချစ်ဘုရင်ကြီး Alan.

ဒါပေမဲ့

နောက်ကျောမှတ်တမ်း ရေးထိုးသူအကြောင်း ဆက်ပြောရရ်ျ လက်ကိုင်ပုဝါ ဆောင်ထားကြပါ။


အထက်ဖေါ်ပြပါ ပုံ ကို အိမ်ထောင်သက် ၁၅နစ်မြောက်နေ့ တွင် ရိုက်ကူးပြီး နောက်တရက်တွင် ဇနီးသည်က ပြောသည်မှာ

၂၅နစ်အရွယ် အားကစား ဆရာ Latvian နှင့် ဖောက်ပြန်နေကြောင်း မကြာခင် လက်ရှိ အိမ်ထောင် ကို ကွာရှင်းပြတ်စဲ ပြီး လင်ငယ်နောက် သွားနေမည် ဖြစ်ကြောင်း ပြောကြားလိုက်လေသည်။

အချစ်ဘုရင်ကြီးမှာ ရင်နာနာဖြင့် ခွင့်ပြုလိုက်လေသည်. သူအား စွန့် ခွာသွားသော်လည်း သူ၏ အချစ်များ မပြယ်သလို ချစ်ဇနီးသည်အား သူ့ ကျောတွင် အသက်ဆုံးတိုင် ထားရှိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။


မှတ်ချက်။ ။ ကိုဆိုးသွမ်း ၏ မှတ်ချက်မှာ မလုံလောက်ပါပေ။ အကြောင်းမှာ အရှေ့ တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှု့ စရိုက် မတူသောကြောင့် ဖြစ်ပါသည်။ ထိုသို့ သော အကြောင်းများမှာ နေ့ စဉ်နှင့်အမျှ ဖြစ်ပေါ် နေပါသည်။ ၈၅% အနောက် နိုင်ငံသားများသည် အတွေ့ အထိသာယာမှု့ ကို သာ ဦးစားပေးသဖြင့် အနောက် နိုင်ငံ အိမ်ထောင်ရေး ကို စာရေးသူအနေဖြင့် ဝေဖန်ရလျှင် အဟိတ် တိရိစာန်ယဉ်ကျေးမှု့ ဟု ပင် ခေါ်ဆိုချင်ပါသည်။ အကြောင်းမှာ သားမက် က ယောက်ခမကို လက်ထပ်ရာတွင် မိန်းမ က သတို့ သမီးအရံ လုပ်ပေးခြင်း တချို့ မှာ ကလေး ဖခင်မည်သူ မည်ဝါမှန်း မသိခြင်း ...စသဖြင့် အိမ်ထောင်ရေး ဖောက်ပြန်မှု့ များ လွန်စွာ များနေခြင်းကြောင့်ဖြစ်ပါသည်။

သို့ သော် တစ်လင် တစ်မယား.. ရိုးမြေကျ သစ်စာ ရှိရှိ ပေါင်းဖက်သော အိမ်ထောင်များလည်း တွေ့ နိုင်ပါသည်။ ရှားပါးသည် ဟု ထင်ပါသည်။ ထို သို့ အိမ်ထောင်ရေးဖောက်ပြန်သော ယဉ်ကျေးမှု့ များသည် အနောက်သာ မက အရှေ့ တိုင်းများတွင်ပါ ရှိလေသည်။

ရှေးဦးကျသော မြန်မာ အိနွိယ၊ သီဟို၊ ကမောဒီးယား၊ စသော မိဘ စံနစ် ကြီးသည့် မိသားစု(နိုင်ငံ) တွင်သာ သစ်စာရှိသော အိမ်ထောင်ဖက်များ ကို တွေ့ ရှိနိုင်မည်ဟု ယူဆ ရပါသည်။

ဖတ်ကြည့်ချင်သေးလား....

News - Car Race or Kangaroo Race?

သားပိုက်ကောင် နှင့် ကားပြိုင်ပွဲ
ကျားလက်သည်း ပါလာ
၁၈လက်မ ပတ်လည် ခါးပိုင်ရှင်
လိပ်အမွှာ
ဂျိုပေါက်တဲ့ ဖွားဖွား
ကလေးမှားခြင်း





ူသြစတြေးလျ နိုင်ငံတွင် ကျင်းပနေသော premier touring car race တွင် ကားများသာ မက သားပိုက်ကောင် ပင် လာရောက်ယှဉ်ပြိုင်ခြင်း



လက်သည်း ပါလာ


ရုရှားနိုင်ငံ zoo in Stropkov တွင် မျိုးတုံးလုဆဲ ၂၃နစ် အရွယ် Siberian tiger ဆိုဒ်ဗေရီးယားကျား ကို လက်သည်း ညှပ်ပေးနေပုံ



ခါးကို လေတိုးရင် ကျိုးမှာ အလွန်စိုးတယ်

အသက် ၇၀အရွယ်ရှိ အင်္ဂလိပ်အမျိုးသမီး သည် ကမာပေါ်တွင် ခါး ပတ်လည် ၁၈လက်မ သာ ရှိသဖြင့် ဂျင်းန၀င်း ဘုတ်အုတ်ကြီး ထဲတွင် ပြိုင်စံရှား သရဖူးဆောင်းဆဲ ဖြစ်ပါသည်။ ခါးသေးအောင် ကော့ဆက်ဝတ်ရာမှ ထိုသို့  သေးသွယ်သွားကြောင်း သိရသည်







အမွှာ ပါဘဲ ခက်တာက ခက်တာပါဘဲ ...






နဖူး ဂျိုပေါက်သော အသင်လူသား

တရုပ်ပြည်တွင် ရှိသော အဖွားအိုသည် ၂၀၀၁ ခုနစ်တွင် စတင်ပြီး နဖူးမှ အဖုအကြိတ် စထွက် လာပြီ အတော်အတန် ကြီးလာသည် ကို တွေ့ ရသည်။



ကလေးမှားခြင်းမှာ နေရာတိုင်းဘဲ ဖြစ်ပါသည်။ မြန်မာပြည် ၁၉၇၀ ပတ်ဝန်းကျင်တွင် ကုလားလေးနှင့် ချင်းလေး ယောက်ျားလေး၂ဦးမှာ အရှေ့ ပိုင်း ဆေးရုံဆေးရုံတွင် မှားယွင်းခဲ့သည်၊ ချင်းလူမျိုး ဖခင်မှာ ဗေဒင်တွက်တတ် သောကြောင့် ကလေးမှားသည် ကို သိသဖြင့် သတင်းအမှန်ထွက်ပေါ်ခဲ့သည် ။ ကံဆိုးသည်မှာ ကလေးတဦး သေဆုံးခဲ့သဖြင့် ပြသနာ တက်ခဲ့ကြောင်း သိရသည်။

ယခုမှာ ကလေး၂ဦး မှားယွင်းပြီး မိခင်၂ဦးသို့ ပေးအပ်ခဲ့သည်။ တနစ်ကြာသော အခါ ဖခင်တဦးက မသင်္ကာသဖြင့် ဆေးရုံသို့ သွားရောက် စုံစမ်းရမှ ကလေးမှားကြောင်း သိလာရသည်။ မိခင်၂ဦးမှာ သူတို့ ၏ ကလေး မဟုတ်မှန်းသိသော်လည်း ရင်အုပ်မကွာ ပြုစုခဲ့ရသဖြင့် သမီးအရင်းကို ပြန်လည် မယူချင်ကြပေ။ ကလေး အဖေများ မှာမူ သူတို့ ၏ သမီးအရင်း ကို ပြန်လည် ရယူချင်ကြသည်။





ဖတ်ကြည့်ချင်သေးလား....

Saturday 13 October 2007

News - Model BOYS

ဖက်ရှင်မောင်တို့ လာချေပြီ

စာရေးသူ၏ အကိုကြီး သည် ငယ်စဉ်အခါကထဲက သပ်သပ်ရပ်ရပ် နေတတ်သူ တဦးဖြစ်သည်။ အလှအပ အလွန်ကြိုက်သူလည်း ဖြစ်သည်။ တနေ့ သော အခါတွင် ဂျပန်လူမျိုး သူငယ်ချင်းနှင့် ရင်းနီးပြီး အလွန်ခင်မင်သွားခဲ့သည်။ ထိုသူမှာ မျက်နှာတွင် မုတ်ဆိပ်မွှေး ပုသိုင်းမွှေးများဖြင့် ပြည့်နက်နေရာ မျက်နှာတွင် မျက်လုံး နှာခေါင်းသာပေါ်လွင်ပြီး ပါးစပ်နှင့် မျက်နာ အောက်ပိုင်း တခြမ်းမှာ ထူထဲသော အမွေးများဖြင့် ဖုံးအုပ်နေသည် ကိုသာ တွေ့ ရသည်။ စာရေးသူ၏ ဖခင်မိခင် မျိုးရိုး တွင် ပါးသိုင်းမွှေး မုတ်ဆိပ်မွှေး မရှိကြသဖြင့် အကိုကြီးမှာ နှတ်ခမ်းမွှေး မုတ်ဆိပ်မွှေး နည်းပါးရုံမက ဇာဂနာဖြင့် နုတ်နိုင်ရုံ မျှသာ အရည်အတွက်ရှိလေသည်။ အကိုကြီးသည် သူ၏သူငယ်ချင်းကဲ့သို့  အမွှေးဖုံးသော မျက်နာပိုင်ဆိုင်ချင်သောကြောင့် နေ့ စဉ်နှင့် အမျှ ဘရိတ်ဓါးဖြင့် မျက်နှာ အောက်ပိုင်း တခြမ်းလုံးကို ရိပ်ပါသော်လည်း ပါးသိုင်းမွှေး မကြမ်းရုံမက မုတ်ဆိပ်မွှေးလည်း ထပ်မထွက်၊ ဒုံရင်းက ဒုံရင်း အတိုင်းပင် ရှိနေရသကား နောက်ဆုံး လက်လျော့လိုက်ရချေသည်။ မုတ်ဆိပ်ရိပ် ဘရိတ်ဓါးကို စိတ်နာစွာဖြင့် အစိတ်စိတ်အမွှာမွှာ ချိုးချေပြီးသကာလ မုတ်ဆိပ်ရိပ် ကိရိယာကို လွှင့်ပစ်လိုက်သဖြင့် စာရေးသူတို့ အတွက် ကစားစရာ တခု တိုးသဖြင့် ၀မ်းသာခဲ့ရ ပါသည်။ သူ ၏ မထွက်လေသော ပါးသိုင်းမွှေး မုတ်ဆိပ်မွှေးများကို ကျေးဇူးတင် သော အလို့ ငှာ ယခု ပို့ စ်ဖြင့် မှတ်တမ်းတင် ဂုဏ်ပြု ပေးလိုက်ရပါသည်။ ဖက်ရှင်မောင်များကို စာရေးသူ၏ အကိုကြီးသာ တွေ့ ပါက မည်သို့ မည်ပုံ စိတ်လှုပ်ရှားမည် ကို မခန့် မှန်းတတ်သော်လည်း စာဖတ်သူ များ ရင်ခုန်သွားချေမည်လော ဟု မှန်းဆနေမိပါသည်။

အသေးစိတ် သိလို ပါက...










ချားလော သည် အသက်၂၂နစ်မှစပြီး နှတ်ခမ်းမွှေးကို ထားရှိခဲ့ရာ (နှတ်ခမ်းမွှေးစံချိန် ၁၆လက်မ) ယင်း၏ နှတ်ခမ်းမွှေးကြောင့် နောက်ပြောင်သူများအား ရိုက်နက် သတ်ဖြတ် ရှိခဲ့ သဖြင့် တရားရုံးမှ နှတ်ခမ်းမွှေးနှင့် ပတ်သက်သော အမှု ကင်းပပျေက် စေရန် သူ ၏ နှတ်ခမ်းမွှေး ကို ရိတ်ပစ်ရန် ချမှတ်လိုက်သည်။ ၂၀၀၀ ခုနစ်တွင် သူ ၏ နှတ်ခမ်းမွှေး ကို နောက်ပြောင်မိသော သူ့၏ အကိုအား ဓါးဖြင့် ထိုးသတ်မှု ကြောင့် ထောင် ၄နစ်ကျခဲ့ဘူးသည်။

ဖတ်ကြည့်ချင်သေးလား....

Thursday 11 October 2007

News - Wired world

မကောင်းမှု နှင့် တရားချိန်ခွင်



စည်းကမ်းပေါက်ဖျက်ရင် တရားမျှတနဲ့ စီရင်မှု့ ရှိသင့်တယ် ဒါကြောင့် လမ်းပိတ်ဆို့ မှု့ ဖြစ်ပွားစေသော က်ျ နွား ကြီးအား ထောင် ၆လ ကျခံစေ.

ပုံ ကမ်ဘောဒီးယား ရဲစခန်း


အဖြူရောင် ၁.၅ မီတာမြင့်သော ထိုနွားဖြုကြီး သည် လမ်းမအလယ် ပိတ်ဆို့ မှု့ ကြောင့် ၆၆နစ်အရွယ် မော်တော် ဆိုင်ကယ် အဖိုးကြီး က ယင်းနွားအား ၀င်တိုက်ပြီး သေဆုံး သွား သောကြောင့် ဖြစ်သည်။ ထိုနွားဖြုကြီး သည် ၂၀၀၇ ခုနစ်ထဲတွင် လမ်းမတွင် လမ်းသလားမှု့ ကြောင့် ယဉ်တိုက်မှု့ များ ဖြစ်ပွားကာ လူ ၅ဦး သေဆုံးစေ ခဲ့သောကြောင့် ထိုသို့ တိုက်ပိတ်မှု့  စီရင်ရခြင်းဖြစ်သည်။ နွားပိုင်ရှင်မှာ သတိပေးခံရ သည်မှ အပ အရေးယူခံရခြင်း မရှိပေ။

(မှတ်ချက်။ ။ အပ မှီနေတယ် လို့ ထင်တာဘဲ၊ ဒီနွား ကြီးကို မသတ်ရင် လူတွေ ထပ်သေနေအုံးမယ် ထင်တယ်။)

မုန်လာနီနဲ့ မတဲ့သော ပျောက်ဆုံးနေသော ယုန်ကလေး

ပုံတွင်ပါရှိသော ယုန်ကလေးသည် ယင်းလှောင်အိမ်ထဲမှ အခိုးခံရပါသည်။ ယင်းသည် သစ်ရွက်နှင့် မုန်လာဥနီစားပါက ဖျားနာတတ်သဖြင့် အထူးစပါယ်ရှယ် ယုန်စာ ကျွေးရပါသည်။ ယုန်လေး၏ ပိုင်ရှင် ၁၀နစ်သမီးလေးမှာ အစားသောက်ပျက်ကာ ညစဉ်နီးပါး ညသန်းခေါင် တွင် ထယောင် ရ်ျ အော်ငို နေရှာသည်။ ယခုထိ မိဘ၂ပါးမှာ ယုန်လေး ပြန်တွေ့ ရန် ကြိုးစားဆဲ ဖြစ်ပါသည်။ ကလေးမလေး အား ဆင်းရဲသော သူများအား ယုန်ကလေး ကို ပေးထားကြောင်း ထိုသူတို့ မှာ သမီးလေးထက် ပိုရ်ျ ယုန်ကလေး အား ပြုစုကြောင်း ညာထား ရလေသည်။ ပြောရရင်....

မနက် က ၃၀မိနစ် အချိန်ရတာနဲ့ ရေးချင်စိတ်ပေါက်ပြီး ရေးနေတာ. နာရီ ကြည့်မိမှ အချိန်ကုန်မှန်းမသိ ကုန်နေတာ ၁၀မိနစ်တောင် နောက်ကျနေတယ်။ အိမ်ကနေ အလုပ်ထဲ ဘယ်လို ရောက်သွားမှန်း မသိအောင် ပြေးရသလား မမေးနဲ့ ။ ကံဆိုးချင်တော့ အလုပ်ထဲ အပြေး ၀င်ဝင်ချင်း မန်နေဂျာချုပ် နဲ့ မန်နေဂျာနဲ့  မျက်နာချင်းဆိုင်တိုး တာဘဲ။ မတတ်နိုင်ဘူး ဘာထပ်ဖြစ်မလဲမသိဘူး မန်နေဂျာတွေ က သိပ်မကြည်ဘူး ။

ပို့ စ်ကို မနက်က အဆုံးမသတ်နိုင်သဖြင့် စူပွ စူပွ ဖြင့် မေတာပို့ သ သော စာမွ သူတို့ အား မေတာ ပေးရ်ျ အေးချမ်းစေပါသည်။ က်ျသို့ သော စိတ်စေတနာ ကြောင့် မန်နေဂျာတို့  ၏ အရစ်လုပ်ခံရခြင်း ကင်းပါစေသား




ဖတ်ကြည့်ချင်သေးလား....

Sunday 7 October 2007

Ashamed or What's a Shame!


စိတ်ညစ်နေပါသည်။
အလွန် ....စိတ်ညစ်နေပါသည်။
အလွန့် အလွန် ....စိတ်ညစ်နေပါသည်။


ဗုဒဘာသာဝင်တိုင်း လူသားစိတ်ရှိသူတိုင်း စိတ်ညစ်နေသည့်အတွက် တခါတလေ အားလုံးအတွက် တဒင်္ကလေး စိတ်အပန်းပြေအောင် ပို့ အသစ်လေး ရေးပေးချင်ပါသည်

သို့ သော်.... စိတ်ညစ်လွန်းလို့  မည်သို့ မျှမရေးနိုင်သဖြင့် တာဝန် လစ်ဟင်း သည်ဟု ယူဆမိခြင်း ကြောင့် ပိုစိတ်ညစ်နေပါသည်

ကိုရဲမွန်နှင့် သံယောဇဉ်က မြန်မာနိုင်ငံက မကောင်းသတင်း မှာ လူသိများ ကြော်ကြားခြင်း ကြောင့် ရှက်တယ် တဲ့....။ မှန်ပါတယ် ရှက်သင့်ပါတယ် ..

အမေးခံရတိုင်းရှက်တာနားလည်ပေမဲ့ အမေးတွေ က မေးနေကြအုန်းမှာဘဲ.. ရှောင်လို့ မှ မလွတ်နိုင်တာ..

ရှက်ပြီးရှောင်နေမဲ့ အစား.. စိတ်ညစ်တာအဖော်စပ်ရအောင်.

အခွင့်အရေးလက်လွှတ်မခံဘဲ .. လာမေးသူတွေ ကို UNငြိမ်းချမ်းရေးတပ် မြန်မာပြည်ထဲဝင်လာဖို့  ..... ၀ိုင်းကူ စာရေးပေးဖို့ တောင်းဆိုလိုက်ပါ။ ဒါဟာ မြန်မာနိုင်ငံသား တွေရဲ့ ဆန်ဒကို ဖေါ်ပြတာ ဆန်ဒပြတာပါဘဲ.

လမ်းလျှောက်မှ ဆန်ဒပြတာ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်သလောက်လုပ်သွား ပြီး ဆန်ဒဖေါ်ပြကြ ရမှာပါ။

ဥပမာဆိုပါတော့ Shame ဆိုတာ ရှက်မိတာပြောတာပါဘဲ။ What's a Shame! ဆိုတာက သနားစရာ ကောင်းတယ် ဂရုဏာသက်စရာ လို့ အဓိပါယ်သက်ရောက်ပြန်ရောဗျ။


ဂလိုဆိုတော့ ရှက်စရာ လာပြောသူများကို သနားစရာ ဖြစ်သွား အောင် .....ကိုယ်နဲ့ ထပ်တူ စိတ်ညစ် သွားအောင် လုပ်ပေးကြရအောင်.. ဒါမှ စိတ်ညစ်တာ အဖေါ်ရမှာ



ထပ်မကြည့်နဲ့ ဘာမျှမရှိဘူး

စိတ်ညစ်နေတယ်လို့ ပြောနေမှဘဲ...

ဟင်း ..........စိတ်ကုန်တယ်.......



အသကုန် စိတ်ညစ်နေတယ် ဗျို့  ......








ဖတ်ကြည့်ချင်သေးလား....

Tuesday 2 October 2007

Please Sing in for Burma/ Myanmar

Dear Reader,

Kindly please sing in http://www.petitiononline.com/stopspdc/petition.html to save Burmar/Myanmar country and people.

မျိုးချစ်တို့ 

သူငယ်ချင်းတို့ ရဲ့ မေးလိပ်စာထဲက မြန်မာရော နိုင်ငံခြားသားများကိုပါ http://www.petitiononline.com/stopspdc/petition.html သို့ ကူညီစာရေး ပေး ကြဖို့  အကူညီ တောင်းကြပါ၊




ဖတ်ကြည့်ချင်သေးလား....

Saturday 29 September 2007

News - Not twin but born in same day in 3 week apart



ဒီမှာ နဲနဲဆန်းတာလေးကို စိတ်အနားပြေအနေနဲ့ ဖတ်နော်



အမျိုးသမီးဟာ ကိုယ်ဝန်သနွေသားတည် နေပြီးဖြစ်ပေမဲ့ သားဥထုတ်မှု့ များသည့် အတွက်ကြောင့် ပထမသနွေတည်ပြီး ၃ပတ်အကြာတွင် နောက်ထပ် သားဥမှာ သနွေအောင်ခဲ့လေသည်။ ပထမသနွေမှာ ၁၂ပတ်ရင့်သော်လည်း ဒုတိယသားနွေမှာ ၉ပတ်သာ ရှိနေလေသည်။ ဆရာဝန်များ ဆေးစစ်ချက် ရယူသော အခါ သနွေသားမှာ ၂ ဦးဖြစ်သော်လည်း ကြီးထွားမှု့  တိုးတက်မှု့ အခြေနေမှာ အဆင့်ခြင်း မတူကြသဖြင့် လွန်စွာ ခေါင်းခဲခဲ့ကြသည်။ သနွေသား၂ဦးမှာ တွင် တဦးမှာ အရွယ်အစားသေး သဖြင့် အသက်ရှင်ရန် အခွင့်နည်းသောကြောင့် ကျန်သနွေသား အတွက်ပါ စိုးရိမ်နေရသည်။ လကြာလာသည်နှင့် အမျှ မိခင်မှာ အရွယ်မတူသော ကလေး၂ဦးကို လွယ်ထားရသဖြင့် လှုပ်ရှားရန်ပင် အခက်ခဲဖြစ်ရလေသည်။ ကလေး၂ဦးမှာ မိခင်၏ ၀မ်းဗိုက်အတွင်း ကြပ်ညှပ်နေကြ ပြန်လေသည်။


သို့ အတွက်ကြောင့် ဆရာဝန်များမှာ အရေးပေါ် ခွဲစိတ်မွေးခဲ့ရ ရာ ပထမကလေး ၃၂ပတ်သား မှာ ၆ပေါင် ၁၁အောင်စ ရှိပြီး ၂၉ပတ် ကလေးမှာ ၄ပေါင်၁၃ အောင်စ ရှိလေသည်

ပထမ လစေ့နေစေ့ အချိန်ပြည့်သော သမီးဦးလေးကို မွေးပြီး နောက် သနွေကို လစေ့ရန် စောင့်ရလေသည်။ ၃ပတ် အကြာတွင် နောက်သနွေမှာ လစေ့နေစေ့ အချိန်ပြည့်ပြီး မွေးနေ့ တရက်တည်းတွင် နောက်ထပ် သမီးလေးကို ဖွားမြင်လေသည်။


ဖတ်ကြည့်ချင်သေးလား....

Friday 28 September 2007

General - the moment when you die

သင်သေခဲ့သော်......
လူဟာ သက်တမ်းကုန်ခါနီးရင် ဖြစ်တတ်တဲ့အတွေ့ အကြုံလေး ရေးပြချင်ပါတယ် တကယ်ကိုယ်တွေ့ ပါ.

ခွန်မြလှိုင် ရေးတဲ့ ဈေးဆစ်တဲ့ပုံလိုလိုပါဘဲ။
မကြာခဏ နေမကောင်းဖြစ်ခဲ့ရဘူးပါတယ်။ တချိန်မှာ တော်တော်ကြီးနေမကောင်းဖြစ်တုန်းက အိပ်ယာထဲမှာ အိပ်နေတဲ့ရင်းနဲ့  တဖြည်းဖြည်း အပေါ်ကို မြင့်တက်လာတယ် လို့ ခံစားရပါတယ်။ ပြောရရင် ဦးခေါင်းထဲကနေ စပြီး တကိုယ်လုံးဟာ ရုပ်နာမ်၂ပါး ကွဲသွားတယ်။ ကိုယ့်ရဲ့ ၀ိဥာည်လိုလို လိပ်ပြာလိုလို ပြောရမယ်ထင်တယ်။ ကိုယ့်ရဲ့ ခနာကိုယ်ကြီးထဲက ထွက်လာတယ်လို့ ခံစားမိပါတယ်။


နောက်ဆုံး ကိုယ့်ကိုကိုယ် လေထဲကနေ အပေါ်က ၁မီတာ အမြင့်က ပြန်ငုံ့ ကြည့်နေမိတယ်။ အိပ်ယာထဲမှာ ခွေခွေလေး အိပ်နေတဲ့ ကိုယ့်ကိုကိုယ် ပြန်ကြည့်နေမိတယ်။ အောက်ဖက်ငုံကြည့်နေတာ ရပ်ပြီး တည့်တည့်ကြည့်လိုက်တော့ ချက်ချင်းဆိုသလို မှောင်ပိန်းနေတဲ့ အာကာသ ထဲရောက်သလို ခံစားရပါတယ်။ အဲဒီအချိန်ဟာ နေ့ လည်ခင်းမှန်းလဲသိနေတယ် ။ နေ့ လည် ဖြစ်သောကြောင့် အလင်းရောင်ရှိတယ် ဆိုတာသိနေပေမဲ့ ကိုယ်က အမှောင်ထုထဲမှာ ရောက်နေတာပါ။ မှောင်နေပေမဲ့ အကုန်မြင်နေရတယ်။ ကိုယ်က တဖြည်းဖြည်းရွေ့ နေတယ်။ လေထဲမှာ မျောနေတာပါ။ လမ်းလျှောက်နေတာ မဟုတ်ဘူး။ ကြောက်စရာ ကားတွေ ထဲက ရွေ့ နေသလို ရွေ့ နေတာ။ စိတ်ထဲမှာ ဘာမှ မရှိဘူး။ ရှင်းလင်း အေးချမ်း နေတယ်။ သွားချင်တဲ့နေရာ မျောပြီးရွေ့ နေတယ်။ ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိဘူး၊ ကိုယ်တယောက်ထဲဘဲ .. အဲ ပြောလို့ သာ ကိုယ်တယောက်ထဲ ကိုယ်ကိုကိုယ် ပြန်မမြင်ရဘူး ။ မျက်လုံးက မြင်နေတာဘဲသိတယ်။

အဲဒီလို လေထဲ စလွင့်နေတဲ့ အချိန်မှာ ဘယ်အချိန်က ဘယ်လို ကုသိုလ်လုပ်ခဲ့တယ် ဆိုတာ ပြန်မြင်နေတယ်။ နဲနဲပါးပါး ကုသိုလ်လုပ် အကူညီပေးတာတွေ က အစ ပြန်သတိရနေတယ်။

အဲဒီအချိန်မှာ ငါ အသက်ရှင်သေးရဲ့လား တမလွန်ရောက်ပြီလားဆိုတဲ့ အတွေးဝင်လာပါတယ်။ ရုတ်ခြည်းဆိုသလို မှောင်ပိန်းနေတဲ့ အာကာသကြီးဟာ ပျောက်ကွယ်သွားပါတယ်။ ကိုယ်ကိုယ်တိုင် လည်း တဖြည်းဖြည်း အမြင့်က အောက်ဘက် တအိအိနဲ့ ပြန်ဆင်းနေတယ်။ ပြီးတော့ အိပ်ယာထဲမှာ အိပ်နေတဲ့ ကိုယ့် ရဲ့ ခနွာကိုယ်ထဲ တဖြည်းဖြည်းနဲ့ ပြန်ဝင်ရောက်လာတယ် လို့ ခံစားရတယ်။

အရေးကြီးတာလေး တကယ်ပြောချင်တာက
အမှောင်ထဲက ဝေယံမှာ လွှင့်နေချိန်မှာ ခံစားနေရတဲ့ ခံစားချက်နဲ့ အတွေးလေးတွေ ပါဘဲ။
သူရဲတဘက်တွေ၊ ဘီလူးတွေ၊ မိစာတွေ လွှမ်းမိုးနေရင် ဘုန်းကြီးပင့် တရားနာခဲ့ကြတဲ့ ဗုဒ ဘာသာဝင် မြန်မာနိုင်ငံသားတွေ ဟာ သေခါနီးရင် စိတ်စွဲမှု့ ပေါ်မူတည်ပြီး ဘုံဘ၀ အသီးသီးသို့ ရောက်ကြပါတယ်။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်နဲ့ ယှဉ်ပြီး တမလွန်မှာ ပြန်ခံစားရပါတယ်။

စာရေးသူ စဉ်းစားနေမိတယ်။ အကုသိုလ်လုပ်ခဲ့တဲ့သူဟာ လေထဲလွင့်မျောနေတဲ့ အချိန်မှာ ဘယ်လိုများ ခံစားရမလဲ။ စိတ်ထဲ ရင်ထဲအေးနေပါ့ မလား။ စိတ်ထဲ ဘာအတွေး တွေ ၀င်လာမလဲ။ ကုသိုလ်တွေ မြင်မဲ့ အစား အကုသိုလ်တွေ ပြန်မြင်နေမလား။ အမှောင်ထဲမှာ တဦးတည်းမဟုတ်ဘဲ နိပ်စက်မဲ့သူတွေ ၀ိုင်းနေတာခံရမလား အသက်ရှင်ရှားနေခဲ့ရတုန်းက ပြုခဲ့တဲ့ အကုသိုလ်အတိုင်း ပြန်ခံစားနေရမလား... ဆိုတဲ့ လားအပေါင်း
လဲအပေါင်း မြောက်မြားစွာနဲ့ စဉ်းစားနေမိပါတယ်။

စာရေးသူအနေနဲ့ လေထဲလွင့်ရုံ ရွေ့ မျောနေရုံမျှသာ အတွေ့ ကြုံရှိပါတယ်။ ဒီထက်ပိုပြီး အတွေ့ ကြုံမရှိလို့  မပြောနိုင်ပါဘူး.. ခုလောက်နဲ့ တင် စာရေးသူမှာ အသက်ရှင်ရတဲ့ တန်ဖိုးကို အတော် လေးစား ကျေးဇူး တင်နေပါတယ်။ ဘုရားတရားကို ပိုဆည်းကပ်ပါတယ်။ ဘုရားဟောတချို့ ကို ကိုယ်တိုင် လက်တွေ့ လုပ် စမ်းသပ်ခွင့် ရတယ်လို့ ဆိုနိုင်ပါတယ်။ ဗုဒဘာသာတရားတော်ဟာ တကယ်သိပံနည်းကျကျနဲ့ သက်သေပြလို့ ရပါတယ်လို့ မြင်မိပါတယ်။

ဒီအကြောင်း မိသားစု ဘယ်သူ့ ကိုမှမပြောခဲ့ပေမဲ့ ခွန်မြလှိုင်ရဲ့ ဘလော့မှာ သူ့ ကိုယ်တွေ့ ဇတ်လမ်းဖတ် မိလို့  တိုက်ဆိုင်တာနဲ့ရေးလိုက်ပါတယ်။၏




တစေ သရဲကြောက်သူများကို ခြောက်ခြင်းမဟုတ်ပါ။ တရားဟောများကို သိပံနည်းကျကျ လက်တွေ့ ကျကျ သိရှိရသဖြင့် ဗုဒဘာသာကို ပိုယုံကြည်လာရကြောင်း ဝေငှခြင်းဖြစ်ပါသည်။

ယခင်က ဗုဒဘာသာကို မိဘကိုးကွယ်လို့ ကိုးကွယ်တာကလွဲလို့ မလေ့လာခဲ့ပါဘူး ဘုရားဟောတာ တော်တော်များများ ကိုယ်တိုင်ကြုံတွေ့ လာရတဲ့ အပိုင်းတွေ အတွက်တော့ ယုံကြည်လာပါတယ်။

လက်တွေ့ သိပံနဲ့ လည်း ဆက်စပ် သက်သေပြနိုင်တာတွေ ရှိပါတယ်။ အမှန်အတိုင်းပြောရရင် တချို့ အရာတွေ ကို ယခုထိ လက်မခံသေးပါဘူး၊ လူမိုက်လို့ အပြောခံမယ်ထင်ပါရဲ့ သိချင်တာထဲက တခုပြောရရင် ဘုရားဇတ်တော်ထဲမှာ သားပိုက်ကောင် ဘ၀၊ ပုရွက်ဆိတ်ဘ၀၊ ပက်ကျိဘ၀ ရှိပါသလား။ ရေသတ၀ါတွေထဲက ရေဘ၀ဲ ငါးမန်း လပိုင်ဘ၀ ရော ရှိခဲ့ပါသလား။

ဗုဒဘာသာဟာ တကမာလုံးနဲ့ မသက်ဆိုင်ဘူး လို့ မှတ်ချက်ချရမလို ဖြစ်နေတယ်။ အာကာသ စင်္ကြာဝဌာ ဟင်းလင်းပြင် နဲ့  အကျုံးမ၀င်ပြန်တာလည်း တွေ့ ရတယ်။ တကယ်လို့ သိသူများရှိရင် မှတ်ချက်ပေးရင် သိပ်ကောင်းမှာပါဘဲ။


ဖတ်ကြည့်ချင်သေးလား....

Wednesday 12 September 2007

News -


Ref: dailynewspaper...UK
9. နှတ်ခမ်းမွှေးနဲ့  မော်ဒယ်ဘွိုင်း

Bev Street ဆိုသူအမျိုးသမီးသည် ၆၄ပေါင် အလေးချိန်ရှိသော ငါးခူကြီးအား Bluebell Lakes in Oundle, Cambridgeshire တွင် ဖမ်းမိခဲ့လေသည်. (စားချင်လို့ ရေးနေတာ) ၃၀မိနစ်ခန့် ငါးမျှားတံကို မနဲဆွဲယူရပြီး လူ၂ယောက်လောက် အားအင်သုံးပြီး ရေထဲမှ မ တင်ခဲ့ရသဖြင့် ထိုသူတို့ တပတ်ခန့် ကြာ လက်မောင်းအောင့်နေကြောင်း ငြီးကြပါသည်။ ၁၉၉၂ခုနစ်တွင် Miss Ballantine ဆိုသူအမျိုးသမီးသည် ၆၄ပေါင် အလေးချိန်ရှိသော ဆော်လမွန်ငါးကြီးဖမ်းနိုင်ခဲ့သဖြင့် ရာဇ၀င် တွင်ခဲ့သည်။


(စာရေးသူကမူ ရာဇ၀င် တွင်အောင် ထို နှတ်ခမ်းမွှေး နှင့် အကောင်ကြီးအား ကြွပ်ကြွပ်ကြော်... အဲ..... ဘေးမဲ့ပေးထားပါသှ်။......အဟင်း..(ဂလု.. ဂလု..) )




8. အချိန်မတန်သေးလို့ မသေရသေးပါ


Venezuelan နိုင်ငံသား ၃၃နစ်ရွယ် Carlos Camejo သည် မတော်တဆ ကားတိုက်မှု့ တွင် သေဆုံးပြီဟု ဆရာဝန်များက သတ်မှတ်ပြီး ရေခဲတိုက်အတွင်းသို့ ထဲ့သွင်းထားလိုက်သည်။ သူ ၏ သေဆုံးမှု့ ကို ဆေးစစ်ချက်ရယူရန် ရင်ခွဲရုံသို့ ပို့ ကာ မည်သည့်အတွက်ကြောင့် သေသည်ကို စစ်ဆေး ကြသည်။ စစ်ဆေးသည်ဆိုသည်မှာ ကိုယ်ခနွာအား ဓါးဖြင့်ခွဲစိတ်ရ်ျ စစ်ဆေးကြခြင်းဖြစ်ပေသည်။ ထိုအချိန်တွင် ခွဲစိတ် နေသော နေရာမှ သွေးများ စီးကျလာသဖြင့် စစ်ဆေးနေသူများ အံ့အားသင့်ရ်ျ မျက်နာတွင် ခွဲထားသော နေရာကို အမြန် ပြန်ချုပ်ခါ အတွင်းလူနာအဖြစ် ဆေးရုံသို့  ပြန်လည် ပို့ ဆောင် လိုက်လေသည်။ အမှန်တကယ် ပင် သူ အသက် ပြန်ရှင်လာပါသည်။ ရင်ခွဲရုံတွင် ခွဲစိတ်သော ဒဏ်ရာမှာ အလွန်တရာ နာကြဉ်လွန်းသဖြင့် လန့် နိုးလာရသည် ဟု ပြန်ပြောပါသည်... ...ဘေးမှပုံမှာ ဖိုးကံကောင်းပုံ ဖြစ်ပါသည်။

(အသေးစိတ်သိလိုသော ကျန်းမာရေး နယ်ပါယ်မှ ပညာရှင် များအတွက်
http://www.dailymail.co.uk/pages/live/articles/news/worldnews.html?in_article_id=482705&in_page_id=1811 )


7. ဖြစ်ရလေ သူငယ်ချင်းရယ်..

အသက် 19နစ်အရွယ် Joshua Wayne Cadle ဆိုသူ သည် သူ၏ သူငယ်ချင်းထံသို့  ရုံးအားရက် ပျော်ရွှင်ဘွယ်ရာ အကြောင်း ကို ဟမ်းဖုံးဖြင့် စာရိုက် သတင်းပို့ လေသည်။ သူငယ်ချင်းအား လာစေချင်သော ဆန်ဒဖြင့် ကိုကင်း ရှုရန် အပြင် တခြား ဆေးချ မည့်အကြောင်းပါ (၁၉ရက် စက်တင်ဘာတွင်) သတင်း ဆက်တိုက်ပို့ လေသည်.. တခြားသော ဆေးများကို လည်း ၀ယ်ခိုင်းပြီး နေရာတနေရာ ကို ဆုံတွေ့ ရန် ချိန်းလိုက် သည်။ ထို စာသတင်း (text message) မှာ ပုလိပ်မှုးကြီး ကိုင်သော ဟမ်းဖုံးထဲသို့ ရောက်နေခြင်း ဖြစ်နေသဖြင့် လွယ်လွယ်ကူကူ မောင်သူငယ်ချင်း အား ဖမ်းဆီးလိုက်နိုင်လေသည်။ အကြောင်းရင်းမှာ ....
အင်္ဂလန်နိုင်ငံတွင် ဟမ်းဖုံးမှာ တနစ် နဲ့ တနစ် မတူသော အပြိုင်အဆိုင် ဈေးကွက်ကြောင့် လူတဦးတွင် သုံးသော ဟမ်းဖုန်းနှင့် နံပါတ်မှာ ပုံမှန်အားဖြင့် နစ်အလိုက်ပြောင်း နေတတ်ပါသည်။ သူငယ်ချင်းဆိုသူ သည် ၁၉ စက်တင်ဘာ ၂၀၀၇ ဗုဒဟူးနေ့ အချိန်တွင် ထို ဟမ်းဖုံးနံပါတ် ကို မကိုင်တော့ပေ။ ထိုနံပါတ်မှာ ရဲမှုးကြီး လက်ရှိ အသုံးပြုနေကြောင်း Joshua က မသိလိုက်ချေ... ပထမဟမ်းဖုံး စာ ရရခြင်း ပုလိပ်များ မီတင်ထိုင်ကာ ညလုံးပေါက် အစီစဉ်ချပြီး ကြာသာတေးနေ့ တွင် Joshua အား ဖမ်းဆီးလိုက်နိုင်သည်။ .....ဖြစ်ရလေ သူငယ်ချင်းရယ်

6. ကယ်တင်ရှင် ၃နစ်သား http://www.metro.co.uk/ 19 Sep 2007.


၃နစ်သား Leon Herdman နဲ့ သူ့ အမေဟာ လမ်းလျှောက်လာရင်း အိမ်တအိမ်မှ အော်ဟစ်ညီးညူ အကူညီတောင်းသံ ကြားလိုက်ကြပါတယ်။ လူနာဟာ အိမ်ထဲမှာ တဦးတည်းနေပုံရသလို အိပ်ယာထဲက ထနိုင်တဲ့ပုံမပေါ်ဘူး။ တံခါးက သော့ခတ်ထားလို့ ဝင်ပြီးကူလို့ မရချေ။ တခုတည်းသော နည်းလမ်းမှာ ကျဉ်းမြောင်းသေးသွယ်သော ပြူတင်းပေါက်မှ တဆင့်အိမ်ထဲ ၀င်ဖို့ သာရှိလေသည်။ ထိုအခါ ၃နစ်သားလေးမှာ စွန့် စားစွာ ပြူတင်းပေါက်သို့ တက်ပြီး အိမ်ထဲဝင်ကာ အိမ်တံခါးဝကို ဖွင့်ပေးနိုင်သဖြင့် မေ့မျောနေသော ဆီးချို လူနာကို အသက်ကယ်တင် နိုင်ခဲ့လေသည်။ မှတ်ချက် အနောက်နိုင်ငံ၃နစ်သားသည် မြန်မာပြည် ၆နစ်ခွဲအရွယ်ရှိသည်။ စိတ်ဓါတ်နှင့်ကြံ့ခိုင်မှုနှင့် အရွယ်အစားပါကွာခြားသည်။


5. အမွှာလောက သြချရမယ်..

Jiddo Alberts ဆိုတဲ့ တမွှာက ဒတ်ခ်ျဘဏ်မှာ စာရင်းစဖွင့်ကထဲက လျှို့ ဝှက်နံပါတ်ကို မည်သူမှ မသိအောင် သီးသန့်  ရွေးချယ်ခဲ့သည်။ ယင်း၏ ပုံတူကိုယ်ပွှား တမွှာမှာ သူ၏ လျှို့ ဝှက်နံပါတ် အခိုးခံရသောကြောင့် လွန်ခဲ့သော တလမှ အသစ်ပြောင်းလဲလိုက်သော နံပါတ်မှာ Jiddo Alberts ၏ လျှို့ ဝှက်နံပါတ် ဖြစ်နေကြောင်း မထင်မှတ်ဘဲ သိလိုက်ရသည် သြောချဘွယ်ရာ သိလိုက်ရပါသတဲ့ . ကိစမရှိပါဘူး စိတ်ချင်းရုပ်ချင်း ရွေးချယ်ပုံခြင်း အရာရာ တူပေမဲ့ ဘဏ်စာရင်းမှာ နံမည်မှ မတူတာ...

4.စိတ်တူ ရုပ်တူ အသွင်တူ အကြိုက်တူ ခွဲမရသော ထိုအမွှာ..

နောက်အမွှာကတော့ အကုန်တူသတဲ့ အိနွိယ မြောက်ပိုင်း အတ်တာ ပလာဒက်ခရိုင်က ပါလီယာ ဂူဂျာ ရွာလေးက kunwarpal နဲ့ chandrapal ဆိုတဲ့ စိတ်တူ ပုံတူ အသွင်တူ တိရိစာန်ဆရာဝန်၂ဦးက အမျိုးသမီးတဦး Madhubala တဦးထဲကို ကြိုက်သောကြောင့် ထိုအမျိုးသမီးမှာ ခွဲမရအောင်တူသော ထို အမွှာ ၂ဦးစလုံးကို လက်ထပ်ခဲ့လေသည်.. စိတ်တူ ရုပ်တူ အကြိုက်တူ ခွဲခြားမရ သဖြင့် မွေးဖွား ထားသော ကလေး၇ယောက် စလုံး၏ ဖခင်နံမည်တွင် ယင်းတို့  ၂ဦးစလုံး ၏ အမည် ထဲ့ထားရသည် ... သားသမီးကိုလည်း ခွဲခြားမရ လို့  ပါတဲ့..

3. မီးခိုးခေါင်းတိုင်ထဲမှာ ညှပ်နေတဲ့ သူတယောက် အကြောင်း..

Marco Antonio Espinoza လို့ အမည်တွင်တဲ့ သူက အိမ်တအိမ် အတွင်း ဖောက်ထွင်း ၀င်ရောက်ရာမှာ မီးခိုး ခေါင်းတိုင်ထဲမှာ ထွက်မရဘဲ ညှပ်နေလို့ မီးသပ်သမားတွေ က ကယ်ဆယ် လိုက်ရပါသတဲ့. သူက ပြောရှာ ပါတယ် အိမ်ပြင် နေတာပါတဲ့.. ဒါကြောင့် အဲလ်အေ (LA) တရားသူကြီးက ထောင်၂နှစ် နဲ့  အိမ်ပျက်စီးမှု့ ကုန်ကျ စရိတ်ကို လျှော်ကြေးပေး ဖို့ ၊ မီးသတ်ကား ကုန်ကျစရိတ် ပေးဆောင်စေဖို့  သက်ညှာစွာ စီရင်လိုက်သတဲ့ ..

2. သေနတ်ထောက် ဓါးပြတိုက်သော်လည်း...

သေနတ်ထောက် ဓါးပြတိုက်ရင်ဖြင့် ပုံမှန်အားဖြင့် မည်သူမဆို ကြောက်လန့် ပြီး အကုန်လှူဒါန်းခဲ့ရတာဘဲ။ ကံဆိုးတာက ခါးရတေးကျောင်းမှာ မျက်မမြင် ခါရတေးချန်ပီယံ ကိုမှ ရွေး လု မိတော့ သူခံပညာ အစွမ်း ကြောင့် ဓါးမြမှာ သေနတ်လွှင့်ကျပြီး (Santander province north of Bogota) ဆေးရုံမှာ ရက်တော်တော် ကြာကြာ ပတ်တီးအပြည့်နဲ့ ဇိမ်ခံလိုက်ရပါသတဲ့ ... သင်ကော ဆေးရုံတက်ပြီး အနားယူချင်ပါသလား...

1. အမျိုးသမီးတဦး င်္အကျီဆိုင်၏ အ၀တ်လဲခန်းမှ ထွက်ရာတွင် ၃.၁ကီလို ပိန်ကျသွားခြင်း

အင်္ဂလန် ရဲ့ Swansea မြို့ မှာရှိတဲ့ Bon Marché အထည်ဆိုင်မှာ အမျိုးသမီးတဦးက စိတ်ကြိုက်ရွေးပြီး အ၀တ်တော်မတော် ၀တ်ကြည့်ဖို့ အ၀တ်လဲခန်း အတွင်းဝင်တာနဲ့ တပြိုင်နက် အတွင်းက ရတနာလေးက ၅ပတ်စောပြီး လူ့ လောကထဲထွက်လာလို့  အ၀တ်လဲခန်းထဲမှာတင် ကလေးမွေးဖွားလိုက်ရလို့  ၃.၁ကီလို လောက်ပိန်သွားပါသတဲ့ ... (သင် ပိန်လိုပါသလား...)


ကဲ ထပ်မေးမယ် နဂါး တကယ်ရှိသလား ဘလော့ကာမောင်နှမများ အနေဖြင့် သိပံနည်းကျ သေသေချာချာ စဉ်းစားတွေးတောပြီး လက်တွေ့ ကျကျ စိတ်ကူးယဉ်ပုံစံမဟုတ်ဘဲ မှတ်ချက်ရေးပေးပါရန် မေတာရပ်ခံအပ် ပါသည်။ အဏ၀ါဗေဒ ပညာတတ်မြောက် သူများရှိလျှင် ၀င်ရောက် ဆွေးနွေးပေးပါရန် မေတာရပ်ခံချင်ပါတယ် ။ ကျေးဇူးတင်ပါသည်။

နဂါး ဆိုတာ ယုံသလား ပုံပြင်လို့ ရောထင်သလား

၁0. အသံမြည်သော အကောင်ကို ပြန်တွေ့ ပြီ ယခုလသည် စက်တင်ဘာလကုန်ခါနီး ဖြစ်သောကြောင့် မိုးနည်းပါးသည်။ မိုးမခြိမ်း မိုးကြိုးမပစ် မိုးမရွာ နိုင်ဖြစ်ရခြင်းမှာ ..တနည်းအားဖြင့်ဆိုသော် သိကြားမင်း သည် စာရေးသူ နှင့် စစ်ပြေငြိမ်းရန် နားလည်မှု ရှိနေပြီဖြစ်သည်. ဖက်ရှင်မောင်များ၏ ဓါတ်ပုံများကြည့်ပြီး ရင်ခုန်သွားနိုင်ခြင်းကြောင့် ၄င်း၊ သူ၏ နတ်မိမယ် များအား ၀ယ်ပေးရန် စာရေးသူ၏ အလှပြင် ပါလာနှင့် ဖက်ရှင် ရှိုးရွန်းများ လာကြည့်ချင်သောကြောင့်၎င်း၊ စာရေးသူက နှတ်ခမ်းမွှေးနှင့် အကောင်ကြီး ကို ဘေးမဲ့ပေးသဖြင့် စာရေးသူ၏ (ဂလုဂလု မြည်သော) သမာဓိကို လေးစားခြင်း ကြောင့်၎င်း၊ ပျောက်သော တယ်လီဖုန်းကို ရှာဖွေပြီး အာမခံ သော့ခန်း ထဲထဲ့ထားပေး ရန် ညွှန်ကြားခဲ့လေသည်။ ယနေ ပုလိပ်များ က ၀င်ရောက်ကူညီရန် ကြိုးစားသောအခါမှ အာမခံသော့ ထိန်းသိမ်းသူ များသည် သတိရကြပြီး တယ်လီဖုန်းအား စာရေးသူထံသို့  ပြန်လည် အပ်နှံရန် စီမံပေးခဲ့သည်။ ပျောက်သွားသော တယ်လီဖုန်းလေး ပြန်ရရန် ကူညီပေးသော သိကြားမင်းအား ကျေးဇူးတင်သဖြင့် စာရေးသူက ဆုတောင်းပေးလိုက်ပါသည် .....(ထို့ အပြင် စီပုံးထဲတွင် ဂရုဏာသက်စွာ မေးမြန်းကြသော ဘလော့ကာ မောင်နှမများအတွက်ပါ....ထို့ အတူ ဆုတောင်းပေးလိုက် ပါသည် )
အရှင်သိကြားမင်း ခပ်ဖြောင့်ဖြောင့် သားမက်များရပါစေ.. ခပ်မိုက်မိုက် ချွေးမများရပါစေ... (ဘော်ဘော်အပေါင်းတို့ သီတင်းကျွတ်အမှီ ကြွပ်နိုင်ကြပါစေ ...အာ ...မှားသွားလို့ နှတ်မွှေးနဲ့ အကောင်ကြီးကို သတိရသွားလို့ )



ဖတ်ကြည့်ချင်သေးလား....

Friday 31 August 2007

News - Are you a wise or dull?

လောကကြီး ဇောက်ထိုးဖြစ်သွား စေနိုင်တဲ့ အစွမ်း ရှိသလား…

မရှိဘူးဆိုရင်.... ဥာဏ်ကြီးရှင်မဟုတ်ဘူး ...ဥာဏ်သေးရှင်ဘဲဖြစ်ရမယ်…. ဟင်းဟင်းဟင်း…

ငယ်ငယ်က လမ်းလျှောက်သင်ခါစ ခြေထောက်လေးကားပြီး ကိုယ်ကို ဟန်ချက်ထိန်း အားယူရင်း ပြုတ်ကျရင်… လက်ကလေးနဲ့ မြေကြီးကိုထောက် ကုန်းပြီး ပြန်အထ.. အိုင်းစတိုင်းရဲ့ တပည့် လောင်း မွေးရာပါသိပံပညာရှင်ပီပီ လောကကြီး ဇောက်ထိုးဖြစ်သွား စေအောင် လုပ်နည်း ကို တခဏချင်း …..သင်ဆရာ မြင်စရာ မရှိဘဲ တီထွင်နိုင်တာ .. သိပ်တော်တဲ့ အီဖေကိုယ် ကိုယ့်ကိုကိုယ် ချီးကျူးတယ်…. .....

လောကကြီး ဇောက်ထိုးဖြစ်စေအောင် လုပ်ရတာ လွယ်တာမဟုတ်ဘူး။ အရာရာကို တန်ဖိုးကြီးကြီးနဲ့  စမ်းသပ် ရယူ ခဲ့ရတာ… တခါတလေ စားထားတာတွေ ပြန်အန်ထွက် လို့  ဗိုက်ချောင် သွားရတာတို့  ….အိပ်ကပ်ထဲက မုန့် တွေ အရုပ်တွေ ဒေါ်လာတသိန်းတန် သတင်းစာ ဖြတ်ပိုင်းတွေ ကျပျောက်ရတာတို့ …. ရွှေဥာဏ်တော် ထိန်းချုပ်ဌာန ဖြစ်တဲ့ ဦးခေါင်းကမူးလို့  မျက်နာနဲ့ ကြမ်းပြင် မိတ်ဆွေဖြစ်ရတာတို့ …။ အကျမတော်လို့  ခေါင်းဖုရတာတို့  ….

နောက်ပိုင်းကျတော့ တခြားတီထွင်စန်းကြယ်တဲ့ ကစားနည်းတွေ တွေ့ လာလို့  လောကကြီးကို သနားသော အားဖြင့် ဇောက်ထိုးမထား တော့ဘဲ ပုံမှန်အတိုင်း လွှတ်ပေးလိုက်တာ ခုထိဘဲ ...

ဒါကို သိပံပညာရှင်တချို့ က အချိန်ကို နောက်ပြန်ဆွဲပြီး အသစ် ပြန်ထွင်တယ် ပြောဘဲမပြောချင်တော့ပါဘူး…

ကဲ ကြည့်လေ…








ကဲ ပိုလန် အနောက်ပိုင်းက Szymbark ဆိုတဲ့ ရွာကလေးမှာပေါ့. ပိုလန်သူဌေး စီးပွားရေးသမား philanthropist Daniel Czapiewski က မှားယွင်းတဲ့ လူသား လုပ်ရပ် တွေကို သိစေချင်တဲ့ အတွက် ကို ခုလို တည်ဆောက်ထားပါတယ်တဲ့.

တိုးရစ်တွေ က တော့ အများအပြားပါဘဲ။
ဒီအိမ်ကို ကြည့်ပြီးသူုတိုင်းဟာ ဥာဏ်ကြီးရှင်များ ဖြစ်သွားကြောင်း ဆာတီဗိတ်ကိစ် ပေးအပ် ပါကြောင်း အသိပေးအပ်ပါသည်။



ရာသီဥတု ဆိုး ၀ါး သော်လည်း.... ဆန်းမာဆက်ရှိ သီးနံပြိုင်ပွဲတွင် စံချိန်သစ်တင်သော အကြီးဆုံးရွှေဖရုံသီး ကို အံ့သြဘွယ်ရာ တွေ့  ရသည်။ ပုံမှာ အကြီးဆုံးရွှေဖရုံသီး (နှင့် အတူ ၃နစ် အရွယ် ကောင်မလေး)နှင့် အရှည်ဆုံး မုန်လာနီ (နှင့် အတူ စိုက်ခင်းရှင်) ဖြစ်ပါသည်။

မှတ်ချက်. အနောက်နိုင်ငံ ၃နစ်သမီးအရွယ်သည် မြန်မာပြည် ၏ ၆နစ်သမီးအရွယ် လောက်ထွားပါသည်။

အကြီးဆုံးရွှေဖရုံသီးမှာ ၂၀၀ ကီလိုဂရမ်ရှိပြီး မုန်လာနီမှာ ၁၅လက်မရှည်ကြောင်းသိရသည်။ ၂၀၀၆တွင် အသက်၉၀ ရှိ စိုက်ပျိုးသူ ၏ မုန်လာနီသည် ၃၅လက်မခွဲ ရှိကြောင်းသိရသည်။










ဖတ်ကြည့်ချင်သေးလား....

Monday 27 August 2007

News - Ninth of SIX !


မကြောက်ပေါင်ကွယ်...... ခြောက် ပြမယ်....







အင်္ဂလန်နိုင်ငံမှ ၃လသားအရွယ် သမီးလေး Bailey ၊ Moll ၊ Savannah ၊ သားလေး Blake ၊ Cole ၊ Grant.

Lake Havasu City, Arizona တွင်နေထိုင်သော Bryan 29 နစ် နှင့် Jenny Masche 32နစ်တို့  စုံတွဲသည် ၂၀၀၄ နစ်တွင် လက်ထပ်ခဲ့ကြပြီး သားသမီးမျှော်လင့်ခဲ့ကြသည်။ ၂ကြိမ် ကလေး ပျက်ကျ ပြီးသော အခါ ဆရာဝန်တချို့  က ခလေးတည်ရန် ခက်ခဲ သည်ဟု မှတ်ချက် ချခဲ့ကြသည် တချို့ က in-vitro fertilization ရန် အကြံပေးခဲ့သည်။





နောက်ဆုံးတွင် သနွေတည်ဆေး Follistim ကို အသုံးပြုရန် ဆုံးဖြတ် ခဲ့ကြသည်။ ယင်းဆေးမှာ သားဥ ပိုမို တည် စေရန် အားပေးသည့် ထိုးဆေး ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်စဉ် ဆေး scan စစ်ကြည့် သောအခါမှ ၆မွှာပူး သနွေ ဆောင်ထား ကြောင်းသိ ရသည်။ ဆရာဝန်များက သနွေ အားလုံး အသက်ရှင်ရန် အခွင့်ရေး နဲပါးကြောင်း တချို့ ကို ဖျက်သင့် ကြောင်း အကြံ ပေးခဲ့ကြ သော်လည်း သားသမီး များကို စွန့် ပစ် နိုင်စွမ်း မရှိသော မိဘ အနေဖြင့် နေ့ စဉ် ဆုတောင်း နေခဲ့ ကြရသည်။ ကိုယ်ဝန်ဆောင် ၁၂ပတ် မှစရ်ျ Phoenix ဆေးရုံ တွင် အတွင်းလူနာ အဖြစ် ကြပ်မတ် ကုသခံ ခဲ့ရသည်။ ကိုယ်ဝန် ၃၀ ပတ်တွင် ၅မိနစ်အတွင်း ကလေး ၆ယောက် စလုံး ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။

ကလေးများမှာ အလွန် အရပ်ရှည် လှသည် ၁၆လက်မရှိပြီး တဦးလျှင် ၂-၃ပေါင်ခန့် သာ အလေးချိန်ရှိသည်။ သမီး၃ဦး သား၃ဦးမွေးဖွားခဲ့ရသည်။ မိခင်မှာ မွေးစဉ်အချိန်တွင် နလုံးမှာ ၅ဆမျှ ယောင်ရမ်းသလို ခြေထောက်တွင် သွေး အနဲငယ် ပိတ်ဆို့  မှု့ များ ခံစားရရှာသည်။

လိမော်ရောင် ကလေးအမွှာလေးများမှာ တရုပ်ပြည်မှ ဖြစ်ပါသည်။


တွန်းလှည်းထဲမှ ကလေးများမှာ အင်္ဂလန်နိုင်ငံမှဖြစ်သည်။

ကလေး အားလုံးအသက်ရှင်သော ခြောက်မွှာပူး မှတ်တမ်းစာရင်း များအရ ၉ကြိမ်မြောက် ခြောက်မွှာပူး ဖြစ်ကြောင်းသိရသည်။ ပထမဆုံး မှာ လွန်ခဲ့သော ၂၄နစ်ကာလမှ Walton sisters များဖြစ်ကြောင်းသိရ၏။ စာရေးသူအနေဖြင့် ၆မွှာပူး ၃စုံကို မဂဇင်းများတွင် ဖတ်ခဲ့ရသော်လည်း မှတ်တမ်းမထားခဲ့ပါရ်ျ မတင်ပြနိုင်တော့ပါ။

ကဲ တနေ့ လျှင် ၃၈ နို့ ပုလင်း၊ အထည် ၅၀ အနှီးကို ၁၈ ကြိမ် လဲလှယ်ခြင်း ဖြင့် အလုပ်ရှုပ် ချင်သလား ?

ဖတ်ကြည့်ချင်သေးလား....

Saturday 25 August 2007

News - So what! Who's care!


ီစုတယ် စုတယ် ၄ယောက်ပိုပြီး စုတယ်

ဘာဖြစ်လဲ........... ဘာဖြစ်လဲ .....

















'

ဖတ်ကြည့်ချင်သေးလား....

Thursday 23 August 2007

News - Is that you in the photo?


ဓါတ်ပုံလာရွေးသူများအားလုံးကို ကြိုဆိုပါ၏

ကလေးဘ၀က ဒီလို ဖြစ်ခဲ့ဘူးသလား....

ဒါမှမဟုတ် ဓါတ်ပုံထဲက တယောက်များ ဖြစ်နေလေသလား










































Summary


Reference: funmuch.com, pyzam.com



ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */