Sunday 7 October 2007

Ashamed or What's a Shame!


စိတ်ညစ်နေပါသည်။
အလွန် ....စိတ်ညစ်နေပါသည်။
အလွန့် အလွန် ....စိတ်ညစ်နေပါသည်။


ဗုဒဘာသာဝင်တိုင်း လူသားစိတ်ရှိသူတိုင်း စိတ်ညစ်နေသည့်အတွက် တခါတလေ အားလုံးအတွက် တဒင်္ကလေး စိတ်အပန်းပြေအောင် ပို့ အသစ်လေး ရေးပေးချင်ပါသည်

သို့ သော်.... စိတ်ညစ်လွန်းလို့  မည်သို့ မျှမရေးနိုင်သဖြင့် တာဝန် လစ်ဟင်း သည်ဟု ယူဆမိခြင်း ကြောင့် ပိုစိတ်ညစ်နေပါသည်

ကိုရဲမွန်နှင့် သံယောဇဉ်က မြန်မာနိုင်ငံက မကောင်းသတင်း မှာ လူသိများ ကြော်ကြားခြင်း ကြောင့် ရှက်တယ် တဲ့....။ မှန်ပါတယ် ရှက်သင့်ပါတယ် ..

အမေးခံရတိုင်းရှက်တာနားလည်ပေမဲ့ အမေးတွေ က မေးနေကြအုန်းမှာဘဲ.. ရှောင်လို့ မှ မလွတ်နိုင်တာ..

ရှက်ပြီးရှောင်နေမဲ့ အစား.. စိတ်ညစ်တာအဖော်စပ်ရအောင်.

အခွင့်အရေးလက်လွှတ်မခံဘဲ .. လာမေးသူတွေ ကို UNငြိမ်းချမ်းရေးတပ် မြန်မာပြည်ထဲဝင်လာဖို့  ..... ၀ိုင်းကူ စာရေးပေးဖို့ တောင်းဆိုလိုက်ပါ။ ဒါဟာ မြန်မာနိုင်ငံသား တွေရဲ့ ဆန်ဒကို ဖေါ်ပြတာ ဆန်ဒပြတာပါဘဲ.

လမ်းလျှောက်မှ ဆန်ဒပြတာ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်သလောက်လုပ်သွား ပြီး ဆန်ဒဖေါ်ပြကြ ရမှာပါ။

ဥပမာဆိုပါတော့ Shame ဆိုတာ ရှက်မိတာပြောတာပါဘဲ။ What's a Shame! ဆိုတာက သနားစရာ ကောင်းတယ် ဂရုဏာသက်စရာ လို့ အဓိပါယ်သက်ရောက်ပြန်ရောဗျ။


ဂလိုဆိုတော့ ရှက်စရာ လာပြောသူများကို သနားစရာ ဖြစ်သွား အောင် .....ကိုယ်နဲ့ ထပ်တူ စိတ်ညစ် သွားအောင် လုပ်ပေးကြရအောင်.. ဒါမှ စိတ်ညစ်တာ အဖေါ်ရမှာ



ထပ်မကြည့်နဲ့ ဘာမျှမရှိဘူး

စိတ်ညစ်နေတယ်လို့ ပြောနေမှဘဲ...

ဟင်း ..........စိတ်ကုန်တယ်.......



အသကုန် စိတ်ညစ်နေတယ် ဗျို့  ......








3 comments:

သုလွန်းအိမ် said...

J ရေ

စိတ်မညစ်ပါနဲ့။ ခုပဲ အိမ်က မေမေနဲ့ဖေဖေကို အရမ်းသတိရနေလို့ ဖုံးဆက်လိုက်တယ်။ သူတို့ကပြောတယ် .. "သမီးသိလား .. ညနေတိုင်း ညနေတိုင်း မားမားနဲ့ဖေဖေ အိမ်ကဘုရားမှာ ၇ရက် သားသမီးကို ရည်စူးပြီး တရားထိုင် မေတ္တာပို့ မေတ္တာသုတ်ရွတ်ကြတယ်။ အဲဒီလိုလုပ်ပြီး ဆန္ဒဲပြ ရမယ်လို့ လှုံဆော်ထားတယ်လေ။ စိတ်မညစ်နဲ့ သိလား .. မေတ္တာသုတ်ရွတ်ပြီး မေတ္တာပို့နေ နော်" တဲ့။ မေတ္တာသုတ်ရွတ် မေတ္တာပို့ပါ လို့ J ကိုလဲ အဖော်စပ်လိုက်တယ်။

ယူဆဂိ said...

အင်း...စိတ်ညစ်တာတောင် အဖော်စပ်နေပါလား....

ဘယ်အရာမှမမြဲပါဘူး..စိတ်ညစ်ရတာပြီးရင် ပျော်ရွင်စရာတွေလာနိုင်ပါသေးတယ်..

မသေမချင်းတော့ရှင်နေရအုံးမယ်မလား။

ကိုယ်ကလက်ခံရင် ကိုယ့်ဒုတ်ခ
ကိုယ်ကလက်မခံရင် ကိုယ့်ဒုတ်ခ မဟုတ်ဘူးလို့ ဖတ်ဖူးတယ်။

Chaos said...

တို့က ဗုဒ္ဓဘာသာမဟုတ်ပါဘူး
ဒါပေမယ့် ဒို့လဲ သွေးပျက်မတတ်စိတ်ညစ်ခဲ့ရတယ်

 
/* EOT ----------------------------------------- */