Wednesday 17 October 2007

True story - Elephant God Hindu


မဟာပိနဲကလည်း ဆန်ဒပြပေးနေတာများလား

ဒီပို့ စ်ကို ရေးဖို့ အစီစဉ်မရှိပါဘူး ယနေ့ ဖော်ဝဒ် ရောက်လာတာပါ။ မေးထဲမှာ အကြိမ်၂၀ ဖြန့် ခိုင်းတယ် ။ ထုံးစံ အတိုင်းပေါ့ မဖြန့် ရင် ဘာညာ ကွိကွ ပေါ့. chain mail လို့ ခေါ်ပါတယ်။ စာရေးသူအနေနဲ့ ဓါတ်ပုံတင် ရခြင်း အကြောင်းမှာ မဟာပိနဲက အနီရောင် ပြောင်းနေသော ကြောင့် စာရေးသူတို့ အတွက် ကယ်တင်ခြင်း ဖြစ်ကောင်းရဲ့ အမြင်ဖြင့် တင်ပြခြင်း ဖြစ်ပါတယ်။ မေးလ်ထဲမှာ မဟာပိနဲပုံ ပါလာလို့  ကြုံကြိုက်လို့ သတိရသွားတာ ......


ပြောချင်တာက ၁၉၉၅ (မတ်လ ထင်တာဘဲ) လောက်မှာ အိဒိယ နိုင်ငံ ဟိနဒူဘာသာဝင် တဦးဟာ အိမ်မက် အရ မဟာပိနဲလို့ ခေါ်တဲ့ ဆင်ဘုရားကို နွားနို့ ဆွမ်းကပ်ရင် အမှတ်တမဲ့ နွားနို့ ကို ဆင်နှာမောင်း နှင့် ထိပြီး ဆွမ်းကပ်လိုက်ပါတယ် ။ ရုပ်ပွားတော် ဆင်နှာမောင်း က နွားနို့ ကို စုပ်ယူသောက်သုံးလိုက်တာ တွေ့ ရှိရတာနဲ့ တကမာလုံးသတင်း ပြန့် သွားပြီး ဟိနဒူ ဘုရားကျောင်း တွေ မှာ လူတိုင်းသွားရောက် နွားနို့ ဆွမ်း ကပ်ကြပါတယ်။
ဆင်ဘုရားတင် မဟုတ်ပါဘူး။ ရှိသမျှ ကျောက်နဲ့ ထွင်းထားတဲ့ သစ်သားနဲ့ ထုထားတဲ့ ဘုရားမျိုးစုံ နဲ့ အစောင့် တိရိစာန် တွေအားလုံး ဟာ သူတို့ ပါးစပ်၊ နှာမောင်း ကို နွားနို့ ၊ ရေ ကပ်လိုက်တာနဲ့  ကပ်လိုက်သော နွားနို့ ၊ ရေ၊ ဖျော်ရည်တွေ ဟာ မင်စုပ်စကူက ရေစုပ်ယူသလို ကုန်သွားတာ မျက်မြင် ကြုံတွေ့ ကြရပါတယ်။ ဒါဟာ ဘုရားကျောင်းမှာမှ မဟုတ်ပါဘူး ဟိနဒူလူမျိုးတွေ ရဲ့ နေအိမ်မှာ စမ်းသပ်တာလည်း သောက်သုံးကြောင်း အံ့သြဘွယ်ရာ တွေ့ ရပါတယ်။
သဘာဝလွန် ဖြစ်ရတဲ့ ကျောက်ရုပ်ထု၊ သစ်သားရုပ်ထုတွေ က နွားနို့ ဆွမ်း၊ ရေဆွမ်း သောက်သုံးတာ ကမာအဆက်ဆက် မကြားဘူးကြပါဘူး။ သောက်သုံးမှု က လည်း မြန်ဆန်ပါတယ်။ လဘက်ရည်ဇွန်းနဲ့ တိုက်ရင် စကန့် ၃၀ အတွင်း နွားနို့ ၊ရေ တွေဟာ ထိကပ်ထားတဲ့ ပါးစပ်၊နှာမောင်းဘက် တိုးဝင် ပျောက်ကွယ်သွားပါတယ်။

ကိုယ်တိုင် နွားနို့ ဆွမ်း ရေဆွမ်းများကို ဘုရားရုပ်ထုသာ မက ဘုရားကျောင်းဝန်းအတွင်းရှိ ရှိသမျှ သော ရုပ်ထုများကို ကပ်ခဲ့ပါသည်။ ထို့ ကြောင့် မျက်မြင် ကိုယ်တွေ့ ကိုယ်ကိုယ်တိုင် စမ်းသပ်ခဲ့သဖြင့် ယခုကဲ့သို့ ရေးသားခြင်း ဖြစ်ပါသည်။

အဲဒါကလည် ရက် အကန့် အသတ်ရှိ ပါတယ်။ မှတ်မိသလောက် ဟိနဒူ လပြည့် ပွဲတော်အထိ သောက်သုံးမယ် ဆိုတာ ကြိုပြောထားတဲ့ အတိုင်း နောက်တရက်ကူးတာနဲ့ တပြိုင်နက် မည်သို့ မျှ မသောက်သုံးတော့တာ တွေ့ ရပါတယ်။

ထို အချိန်မှာ လူတိုင်းနွားနို့ ဆွမ်းကပ် ကြတာကြောင့် နွားနို့ ဝယ်လို့ မရတဲ့ အခြေနေတောင် ရောက်ရှိ သွားရပါတယ်။ ဟိနဒူလူမျိုးတွေ အနေနဲ့ မည်သို့  နိမိတ် တန်ခိုးများပြတယ် ဆိုတာ မပြောတတ်ပေမဲ့ သိပံပညာရှင်တွေ က မျက်မြင်သက်သေ ကို သိပံနည်းနဲ့  မဖြေရှင်း ခဲ့နိုင်ကြပါဘူး။
နောက်မှ ထပ်ကြိုးစား တင်ကြည့်ပါအုန်းမယ်

0 comments:

 
/* EOT ----------------------------------------- */